Spots news

လိဒ်ကို သရေကျအပြီး မြက်ခင်းပြင် ချော်လွန်းနေတယ်လို့ အပြစ်တင်သွားတဲ့ တူချယ်

လိဒ်ကို သရေကျအပြီး မြက်ခင်းပြင် ချော်လွန်းနေတယ်လို့ အပြစ်တင်သွားတဲ့ တူချယ်

ချယ်ဆီးမန်နေဂျာ တူချယ်က သူ့အသင်းက အသင်းကောင်းတစ်သင်းကို ရင်ဆိုင်ကစားခဲ့ရတာဖြစ်ပြီး တိုက်စစ်က အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့ဘူးလို့ ပွဲအပြီးမှာ ဝန်ခံပါတယ်။

တူချယ်လက်ထက်မှာ ချယ်ဆီးဟာ ရလဒ်တွေ ပြန်ယူလာနိုင်ခဲ့ပြီး အခုချိန်ထိ ရံှူးပွဲ မတွေ့သေးပါဘူး။ ဒါပေမယ့်လို့ နိုင်ပွဲ အများစုမှာ သွင်းဂိုး အနည်းငယ်ပဲ သွင်းယူနိုင်ခဲ့ကာ ခံစစ်က ဂိုးမပေးရတာက အဓိက ဖြစ်လာခဲ့တယ်။ ချယ်ဆီးတိုက်စစ်က တိုးတက်ဖို့ လိုအပ်နေသေးတာဖြစ်ပြီး လိဒ်ကို သရေကျတာအတွက် လန်ဒန်ကလပ် မန်နေဂျာက အခုလို ပြောခဲ့ပါတယ်။

တူချယ်က ” သိပ်ကို ကစားရခက်ခဲလွန်းတဲ့ မြက်ခင်းပြင်ဖြစ်ပါတယ်။ ကွင်းက သိပ်ချော်ပြီး ခုန်အားလည်း သိပ်ကောင်းပါတယ်။ ကျနေ်ာတို့ ၁-၀ နဲ့ ဦးဆောင်ဖို့ အခွင့်အရေး ၂ ကြိမ်လောက် ရခဲ့တယ်ဆိုပေမယ့် လိဒ်ကလည်း ကျနေ်ာတို့ကို ပြဿနာတွေ ပေးခဲ့ပြီး ဖိအားတွေလည်း ပေးခဲ့ပါတယ်။

ယုံကြည်ချက်တွေရဖို့ သွင်းဂိုး ၁ ဂိုးလောက် သွင်းဖို့ လိုအပ်ခဲ့ပါတယ်။ တစ်ခါတစ်လေတော့ ဒီလိုပါပဲ။ ကျနော် ကြမ်းကြမ်းတမ်းတမ်း မပြောလိုပါဘူး။ ဧရိယာထဲမှာ အခွင့်အရေးနဲ့ ထိချက်တွေ ရနေခဲ့ပြီး ရလဒ်အတွက် အခွင့်အရေးတွေ အများကြီးတော့ မရခဲ့ပါဘူး။ ဒါကို ကျနေ်ာတို့ လက်ခံဖို့ လိုပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

တူချယ်ဟာ တိုက်စစ်သမား ဟာဗက်ကို အထောင်တိုက်စစ်နေရာကို တင်ကစားခဲ့တာပါ။ ဂျာမာန်သားက လေ့ကျင့်ရေးမှာ အဆိုပါ နေရာကနေ အကောင်းဆုံး ကစားနိုင်တယ်လို့ သိရပြီး လိဒ်နဲ့ပွဲမှာတော့ သွင်းဂိုးရခဲ့ခြင်း မရှိပါဘူး။ ထိုနည်းတူ ပူလီဆစ်ရဲ့ ခြေစွမ်းကလည်း အားရကျေနပ်လောက်တဲ့ အတိုင်းအတာကို မရောက်ခဲ့ပါဘူး။

ချယ်ဆီးမန်နေဂျာက ” ဂိုးရဖို့ လုံလောက်တဲ့ အခွင့်အရေးတွေ ကျနေ်ာတို့ ရခဲ့တယ်။ ကျနေ်ာတို့ ဆန္ဒတွေအတိုင်း မဖြစ်ခဲ့ဘဲ ပြိုင်ဘက် ဧရိယာထဲက ကိစ္စတွေအတွက် လေ့ကျင့်ရေးတွေမှာ ဆက်ပြီး ပြင်းထန်စွာ ကြိုးစားဖို့ လိုအပ်နေပါတယ်။

ပွဲရဲ့ နောက်ဆုံး မိနစ် ၂၀ လောက်မှာ ကျနေ်ာတို့က ပိုပြီးတော့ ခြေစွမ်းထက်စွာ ကစားဖို့ လိုပါတယ်။ နေရာကောင်းတွေကို ရောက်နေချိန်မှာ ကျနေ်ာတို့က ဘောလုံးတွေ ရဖို့လည်း အတော်လေး ကြိုးစားခဲ့ကြပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

Zawgyi

လိဒ္ကို သေရက်အၿပီး ျမက္ခင္းျပင္ ေခ်ာ္လြန္းေနတယ္လို႔ အျပစ္တင္သြားတဲ့ တူခ်ယ္

ခ်ယ္ဆီးမန္ေနဂ်ာ တူခ်ယ္က သူ႕အသင္းက အသင္းေကာင္းတစ္သင္းကို ရင္ဆိုင္ကစားခဲ့ရတာျဖစ္ၿပီး တိုက္စစ္က အခြင့္အေရးေတြ အသုံးမခ်နိဳင္ခဲ့ဘူးလို႔ ပြဲအၿပီးမွာ ဝန္ခံပါတယ္။

တူခ်ယ္လက္ထက္မွာ ခ်ယ္ဆီးဟာ ရလဒ္ေတြ ျပန္ယူလာနိုင္ခဲ့ၿပီး အခုခ်ိန္ထိ ရံႉးပြဲ မေတြ႕ေသးပါဘူး။ ဒါေပမယ့္လို႔ နိုင္ပြဲ အမ်ားစုမွာ သြင္းဂိုး အနည္းငယ္ပဲ သြင္းယူနိုင္ခဲ့ကာ ခံစစ္က ဂိုးမေပးရတာက အဓိက ျဖစ္လာခဲ့တယ္။ ခ်ယ္ဆီးတိုက္စစ္က တိုးတက္ဖို႔ လိုအပ္ေနေသးတာျဖစ္ၿပီး လိဒ္ကို သေရက်တာအတြက္ လန္ဒန္ကလပ္ မန္ေနဂ်ာက အခုလို ေျပာခဲ့ပါတယ္။

တူခ်ယ္က ” သိပ္ကို ကစားရခက္ခဲလြန္းတဲ့ ျမက္ခင္းျပင္ျဖစ္ပါတယ္။ ကြင္းက သိပ္ေခ်ာ္ၿပီး ခုန္အားလည္း သိပ္ေကာင္းပါတယ္။ က်ေန္ာတို႔ ၁-၀ နဲ႕ ဦးေဆာင္ဖို႔ အခြင့္အေရး ၂ ႀကိမ္ေလာက္ ရခဲ့တယ္ဆိုေပမယ့္ လိဒ္ကလည္း က်ေန္ာတို႔ကို ျပႆနာေတြ ေပးခဲ့ၿပီး ဖိအားေတြလည္း ေပးခဲ့ပါတယ္။

ယုံၾကည္ခ်က္ေတြရဖို႔ သြင္းဂိုး ၁ ဂိုးေလာက္ သြင္းဖို႔ လိုအပ္ခဲ့ပါတယ္။ တစ္ခါတစ္ေလေတာ့ ဒီလိုပါပဲ။ က်ေနာ္ ၾကမ္းၾကမ္းတမ္းတမ္း မေျပာလိုပါဘူး။ ဧရိယာထဲမွာ အခြင့္အေရးနဲ႕ ထိခ်က္ေတြ ရေနခဲ့ၿပီး ရလဒ္အတြက္ အခြင့္အေရးေတြ အမ်ားႀကီးေတာ့ မရခဲ့ပါဘူး။ ဒါကို က်ေန္ာတို႔ လက္ခံဖို႔ လိုပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

တူခ်ယ္ဟာ တိုက္စစ္သမား ဟာဗက္ကို အေထာင္တိုက္စစ္ေနရာကို တင္ကစားခဲ့တာပါ။ ဂ်ာမာန္သားက ေလ့က်င့္ေရးမွာ အဆိုပါ ေနရာကေန အေကာင္းဆုံး ကစားနိုင္တယ္လို႔ သိရၿပီး လိဒ္နဲ႕ပြဲမွာေတာ့ သြင္းဂိုးရခဲ့ျခင္း မရွိပါဘူး။ ထိုနည္းတူ ပူလီဆစ္ရဲ႕ ေျခစြမ္းကလည္း အားရေက်နပ္ေလာက္တဲ့ အတိုင္းအတာကို မေရာက္ခဲ့ပါဘူး။

ခ်ယ္ဆီးမန္ေနဂ်ာက ” ဂိုးရဖို႔ လုံေလာက္တဲ့ အခြင့္အေရးေတြ က်ေန္ာတို႔ ရခဲ့တယ္။ က်ေန္ာတို႔ ဆႏၵေတြအတိုင္း မျဖစ္ခဲ့ဘဲ ၿပိဳင္ဘက္ ဧရိယာထဲက ကိစၥေတြအတြက္ ေလ့က်င့္ေရးေတြမွာ ဆက္ၿပီး ျပင္းထန္စြာ ႀကိဳးစားဖို႔ လိုအပ္ေနပါတယ္။

ပြဲရဲ႕ ေနာက္ဆုံး မိနစ္ ၂၀ ေလာက္မွာ က်ေန္ာတို႔က ပိုၿပီးေတာ့ ေျခစြမ္းထက္စြာ ကစားဖို႔ လိုပါတယ္။ ေနရာေကာင္းေတြကို ေရာက္ေနခ်ိန္မွာ က်ေန္ာတို႔က ေဘာလုံးေတြ ရဖို႔လည္း အေတာ္ေလး ႀကိဳးစားခဲ့ၾကပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။