Spots news

ရာမို့စ်ရဲ့ နေရာမှာ အစားထိုးဖို့ ရီးရဲလ်မက်ဒရစ်ပစ်မှတ်ထားနေတဲ့ သုံးယောက်

Unicode Version

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ရဲ့နေရာမှာ အစားထိုးနိုင်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ ကစားသမား သုံးယောက်ကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။

အသင်းခေါင်းဆောင် ရာမို့စ်ဟာ ဘာနေဗျူးအသင်းနဲ့ စာချုပ်က ဇွန်လကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သစ်ကိစ္စ အတွက် ဆွေးနွေးမှုတွေက တိုးတက်မှု မရှိကြောင်း ဝန်ခံထားပါတယ်။

နည်းပြဇီဒန်းကလည်း ရာမို့စ်ဟာ အသင်းကနေ ဒီနွေရာသီမှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာသွားနိုင်တယ်လို့ ပြောခဲ့ပါသေးတယ်။ မာကာသတင်းစာရဲ့ ဖော်ပြချက် အရတော့ ရီးရဲလ်ဟာ

၃၄ နှစ်အရွယ် ခံစစ်မှူးကြီးရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘိုင်ယန်မြူးနစ်က ဒေးဗစ်အလာဘာ၊ ဗီလာရီးရဲလ်က ပါအူတောရက်စ်နဲ့ ဆီဗီလာက ဂျူးလ်ကွန်ဒီတို့ကို ရွေးချယ် ထားတယ်လို့ သိရပါတယ်။

အလာဘာ ကတော့ ဇွန်လအကုန်မှာ ဘိုင်ယန်ကနေ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာတော့မှာဖြစ်ပေမယ့် သြစတီးယားသားဟာအပြောင်းအရွှေ့ အတွက် ကုန်ကျစရိတ် အသက်သာဆုံး ဖြစ်လာနိုင်ပါတယ်။

တောရက်စ်နဲ့ကွန်ဒီတို့ နှစ်ယောက်စလုံး ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပစ်မှတ်တွေဖြစ်ပြီး ၂၀၂၀-၂၁ ရာသီ အတွင်းမှာ

သူတို့ရဲ့ သက်ဆိုင်ရာ လာလီဂါ အသင်းတွေအတွက် အကောင်းဆုံး ခြေစွမ်းပြကစားနေကြသူတွေ ဖြစ်ကြပါတယ်။

ရာဖေးလ် ဗာရာနီကလည်း မက်ဒရစ်ကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်နေပေမယ့် ပြင်သစ်လက်ရွေးစင် ကတော့ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် သဘောတူညီမှု ရရှိဖို့ နီးစပ်နေပါပြီ။