Spots news

အဆိုးရွားဆုံး လွဲချော်မှု ကြုံတွေ့ခဲ့ရတယ် မန်ယူကပ္ပတိန် ခေါင်းကြီး မက်ဂွဲယား

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွဲယားဟာ အေစီမီလန် အသင်းနဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ ဂိုးပေါက်နဲ့ တစ်ကိုက်ခန့်အကွာ အနေအထားကနေ အနီးကပ် ပိတ်သွင်းခွင့် ရခဲ့ပေမယ့် ဒီရာသီရဲ့ အဆိုးရွားဆုံး လွဲချော်မှုတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ထောင့်ကန်ဘောဟာ ဖာနန်ဒက်စ်နဲ့ ထိမိပြီး လမ်းကြောင်း ပြောင်းကာ ဂိုးပေါက်ရှေ့မှ ဟယ်ရီ မက်ဂွဲယားက လွတ်လွတ် ကျွတ်ကျွတ် ပိတ်သွင်းခွင့် ရခဲ့ပေမယ့် လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ဂိုးသွင်းယူတာ ထက် လွဲချော်အောင် ကန်သွင်းတာက ပိုပြီး ခက်ခဲခဲ့ နိုင်ပါတယ်။

BT Sport ရဲ့ အစီအစဉ် တင်ဆက်သူ Ian Darke ကတော့ ဒါဟာ သင်္ချာပညာကို အဓိပွာယ် သတ်မှတ်ပေးတဲ့ လွဲချော်မှုဖြစ်ပြီး ငြင်းဆန်ဖို့ ခက်ခဲလွန်းတယ်လို့ ဆိုခဲ့ပါတယ်။ မက်ဂွဲယားကလည်း ဂိုးပေါက်ထဲမှာ ခဏတာ အံ့သြနေခဲ့ပြီး ဘောလုံးက သူနဲ့အတူ မပါလာ ခဲ့တဲ့အပေါ် ဝေခွဲမရ ဖြစ်နေခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်မှာ မီလန်အသင်းက ကက်ဆီရဲ့ သွင်းဂိုးနဲ့အတူ ဦးဆောင်နိုင်ဖို့ နီးစပ်ခဲ့ပေမယ့် VAR က ပြန်လည်ပယ်ဖျက် ခဲ့ပါတယ်။ ပထမပိုင်းမှာတော့ မီလန်က ပိုပြီး ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့် လူစားဝင် ကစားသမား အာမက် ဒီယာလိုက ယူနိုက်တက် အတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပါတယ်။

အဲ့ဒီနောက် နာကျင်အချိန်ပိုမှာ Simon Kjaer က ‌အေစီမီလန်အသင်းအတွက် ချေပဂိုး သွင်းယူးပေးခဲ့ပြီး ( ၁ – ၁ ) ရလာဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။
ဒုတိယ အကျော့ ပွဲစဉ်ကိုတော့ လာမယ့် မတ်လ ( ၁၈ ) ရက်နေ့တွင် ဆန်စီရိုကွင်းမှာ ကစားရဖို့ ရှိနေပါတယ်။