Unicode Version
ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာအသင်းနဲ့တစ်နှစ်လုပ်ခပေါင်၉သန်းရရှိစေမယ့်စာချုပ်သစ်ချုပ်ဆိုဖို့စီစဉ်နေတယ်လို့ ကြားသိရပါတယ်။ဆိုးလ်ရှားဟာ၂၀၁၈ခုနှစ်ဒီဇင်ဘာလကနည်းပြမော်ရင်ဟိုနေရာမှာအစားထိုးဝင်ရောက်ခဲ့ပြီး ယူနိုက်တက်အသင်းနည်းပြတာဝန်ရယူခဲ့သူဖြစ်ပါတယ်။
နည်းပြ ဆိုးလ်ရှားဟာ လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်ကျန်ရှိ နေတာဖြစ်ပါတယ်။ ယူနိုက်တက် ဘုတ်အဖွဲ့ဝင်များက ဆိုးလ်ရှား ၏ လုပ်ဆောင်ပုံနဲ့ တိုးတက်မှုတို့အပေါ်ကျေနပ်မှု ရှိနေတယ်လို့ သိရပါတယ်။
အက်ဝုဒ်ဝက်က ဆိုးလ်ရှားအနေနဲ့ အသင်း အတွက် အောင်မြင်မှုများ ယူဆောင် ပေးနိုင်လိမ့်မယ်ဆိုပြီး ယုံကြည်ထားပါတယ်။ ဆိုးလ်ရှားက ရော်နယ်ဒိုနဲ့ ရွိုင်ကိန်းတို့ကို ယူနိုက်တက်အတွက် ခေါ်ယူပေးလို တယ်ဆိုပြီး ပြောထားပါတယ်။
ဆိုးလ်ရှားဟာ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ကိန်းနဲ့ ကိုးနှစ် တွဲကစားဖူးခဲ့ပြီး ပရီးမီးယားလိဂ်ဖ လား ငါးကြိမ် ရယူနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့ တွဲကစားပြီးလည်း ဆိုးလ်ရှားဟာ အိုးလ်ထရက်ဖို့ဒ် အတွက် အောင်မြင်အောင် လုပ်ဆောင်ခဲ့ဖူးပါတယ်။
နည်းပြဆိုးလ်ရှားက “ကျွန်တော် ရွိုင်ကိန်းနဲ့ အလုပ်တွဲ လုပ်ရတာကို သဘောကျပါတယ်။ ဒါပေမယ့် သူ့ကို ကျွန်တော် ပြန်ခေါ်နိုင်ပါ့မလား ဆိုတာ သိပ်မသေချာ တော့ပါဘူး။ ကျွန်တော်ရော်နယ်ဒိုနဲ့လည်း တွဲကစားခဲ့ ပါတယ်။”
“သူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်ကတည်းက ခြေစွမ်း ခြေစရှိတဲ့သူပါ။ ရော်နယ်ဒိုကို ပြန်ခေါ်ချင်ပါတယ်။ ခင်ဗျားလည်း နည်းပြဆိုရင် ခင်ဗျားအသင်း အတွက် ကျိန်းသေပေါက် သူ့ကို ပြန်ခေါ်ချင် မှာပဲလေ။”ဆိုပြီး ပြောပါတယ်။