Spots news

သန်း ၉၀ ဟယ်ရီကိန်းနဲ့ ပရိတ်သတ်တွေကိုချော့မယ့် မန်ချက်စတာ ယူနိုက်တက်

Unicode Version

ပြီးခဲ့တဲ့ လီဗာပူးနဲ့ ပွဲမတိုင်ခင် အိုးလ်ထရက်ဖို့ဒ်ကွင်းထဲအထိ ဝင်ရောက်ပြီး အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ထွက်သွားဖို့ ကြွေးကြော်ဆန့်ကျင်ခဲ့ကြတဲ့ ယူနိုက်တက် ပရိသတ်တွေရဲ့ အမျက်ဒေါသတွေကို အချိုသတ်လျော့ချချင်တဲ့ သဘောနဲ့ စပါးတိုက်စစ်မှုး ဟယ်ရီကိန်းကို ခေါ်ယူအားဖြည့်ဖို့ ပေါင်သန်း၉၀ နဲ့ စတင်ကမ်းလှမ်းလိုက်ပါတယ်။

စူပါလိဂ်ပြိုင်ပွဲ ကိစ္စနဲ့ ပတ်သတ်ပြီး ယူနိုက်တက်ပရိသတ်တွေဟာ ဒေါသထွက်ပေါက်ကွဲနေခဲ့ကြတာဖြစ်ပြီး ပိုင်ရှင် ဂလေဇာမိသားစုရဲ့ အသင်းအပေါ် ဂုတ်သွေးစုပ်အမြတ်ထုတ်နေတာတွေကို ရပ်တန့်ဖယ်ရှားနိုင်ဖို့ ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ဆုဖလားအောင်မြင်မှုတွေရဖို့ အသင်းကထွက်ခွာချင်တဲ့အကြောင်း ပြောကြားထားခဲ့တဲ့သူပါ။

သူက ” ကွန်တော့်ရဲ့ ကစားသမားဘဝမှတ်တမ်းကို ပြန်ကြည့်လိုက်ရင် အသင်းလိုက် ဆုဖလားအောင်မြင်မှု ရယူဖို့ လိုအပ်နေပြီလို့ ယူဆပါတယ်။ အခုချိန်မှာ စပါးအသင်းအနေနဲ့ မလုပ်နိုင်သေးပါဘူး။

ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးကစားသမားလိုဆုမျိုးရတာ ဂုဏ်ယူစရာကောင်းပေမယ့် အသင်းလိုက် အောင်မြင်မှု ကြီးကြီးမားမားကို ပိုပြီးရယူချင်ပါတယ်” လို့ ပြောကြားထားပါတယ်။

ဟယ်ရီကိန်းကို ပီအက်စ်၈ျီကလည်း စပါးနည်းပြဟောင်း ပိုချက်တီနိုက နေမာ စာချုပ်သက်တမ်းမတိုးဘဲ အမ်ဘက်ပီလည်း ထွက်ခဲ့ရင် ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး မန်ယူနဲ့အပြိုင် ကြိုက်ဈေးပေး ခေါ်ယူလာနိုင်ပါတယ်။

ဈေးကွက်တန်ကြေးအရ ပေါင်သန်း ၁၀၀ ဝန်းကျင်တန်ကြေးရှိတဲ့ ဟယ်ရိကိန်းကို မန်ယူဖက်က ပေါင်သန်း ၉၀နဲ့ စတောက်ကြည့်လိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။