Spots news

ရီးရဲလ်ကို ၅ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သင့်ကြောင်း မေဆန့်မောင့် ပြောဆို

Unicode Version

ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား မေဆန်မောင့်က မနေ့ညက စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းအတွင်းမှာ ကျင်းပခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ သူတို့အသင်းအနေနဲ့ (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရယူခဲ့တာထက် သွင်းဂိုး(၅)ဂိုးလောက်ကို သွင်းယူနိုင်ခဲ့ပြီး အပြတ်အသတ်ကို အနိုင်ရခဲ့သင့်တာလို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

မနေ့ညက ကျင်းပသွားခဲ့တဲ့ အဲ့ဒီပွဲစဉ်အတွင်း အိမ်ရှင်ချယ်လ်ဆီးအသင်းက တီမိုဝါနာ မေဆန်မောင့်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ (၂)ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့ပြီး နှစ်ကျော့ပေါင်း (၃)ဂိုး(၁)ဂိုးနဲ့ ဗိုလ်လုပွဲအဆင့်ကို တတ်လှမ်းသွားခဲ့ပါတယ်။

အိမ်ကွင်းမှာ စိတ်ကျေနပ်စရာကောင်းတဲ့ ရလဒ်မျိုးကို ဖော်ဆောင်သွားနိုင်ခဲ့ပေမယ့်လည်း အသင်းအတွက် ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ မေဆန်မောင့်ကတော့ သူတို့အသင်းအနေနဲ့ ဒီထက်မကကို ဂိုးပြတ်ခဲ့သင့်တာဖြစ်ပြီး သွင်းဂိုး(၅)ဂိုးလောက်ကို သွင်းယူနိုင်ခဲ့သင့်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

မေဆန်မောင့်က “ဒီပွဲက ခက်ခဲခဲ့တယ်။ ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ရတယ်။ သူတို့က ဒီပွဲမှာ သူတို့လုပ်ဆောင်နိုင်သမျှကို အားလုံးလုပ်ဆောင်သွားခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း ဒီပွဲမှာ အတော်လေးကို ကြိုးစားအားထုတ်ကစားခဲ့တယ်။ တကယ်ဆိုရင် ကျွန်တော်တို့ဘက်ကနေ သွင်းဂိုး(၅)ဂိုးလောက်ကို သွင်းယူနိုင်ခဲ့သင့်တယ်။ ဒါပေမယ့် ဒါတွေထက် ပိုအရေးကြီးတာကတော့ နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့တာပါပဲ။

ကျွန်တော်တို့က ကစားရတဲ့ ပွဲစဉ်တိုင်းလိုလိုကို အနိုင်ရချင်တာပါ။ ဒီပွဲကို အနိုင်ရလိုက်တဲ့အပေါ် ဘယ်လိုစကားလုံးတွေနဲ့ ဖော်ပြရမလဲတောင် မသိတော့ဘူး။ ဒီပွဲကတော့ တကယ့်ကို အကောင်းဆုံး စွမ်းဆောင်ရည်ပြသနိုင်ခဲ့တဲ့ ပွဲတစ်ပွဲပါပဲ။

ကျွန်တော်လုပ်ဆောင်နိုင်သမျှကို အကုန်ထုတ်ပြခဲ့တယ်။ လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အခုလို ရီးယဲလ်ကို အနိုင်ယူခဲ့တဲ့ ချယ်လ်ဆီးဟာ ဗိုလ်လုပွဲမှာတော့ မန်စီးတီးအသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။