Unicode Version
ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး အမ်ဘာပေကို လက်လွှတ်ခဲ့ရပါက ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းရဲ့
အဓိက တိုက်စစ်မှူး ဖြစ်သူ ဆာလက်ကို အမ်ဘာပေရဲ့ နေရာအတွက် ခေါ်ယူအားဖြည့်ဖို့ စီစဉ်နေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေနဲ့ စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။
အသက် ၂၁နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ ကစားသမား ဖြစ်ပြီး ပီအက်စ်ဂျီအသင်းက သူ့ကို စာချုပ်သက်တမ်း တိုးဖို့ ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်နေပေမယ့် အမ်ဘာပေကတော့ ပီအက်စ်ဂျီအသင်းက ထွက်ခွာလိုနေပါတယ်။
လက်ရှိမှာတော့ အမ်ဘာပေကို ခေါ်ယူဖို့ အတွက် စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းတို့က စိတ်ဝင်စားနေကြပြီး အမ်ဘာပေကလည်း
လာလီဂါနဲ့ အင်္ဂလန် ပရီးမီးယားလိဂ်တို့မှာ ကစားချင်နေတာကြောင့် အဆိုပါနှစ်သင်းထဲက တစ်သင်းဟာ အမ်ဘာပေကို ရရှိဖို့ ရာခိုင်နှုန်းများနေကြောင်း ဥရောပ အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
ပီအက်စ်ဂျီအသင်းက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား စာရင်းဝင် အမ်ဘာပေကို လက်လွှတ်လိုခြင်း မရှိပေမယ့် အမ်ဘာပေဟာ အတွေ့အကြုံအသစ်တွေကို ရယူလိုတာကြောင့် ပီအက်စ်ဂျီအသင်းကို စွန့်ခွာလိုနေတာပဲ ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ လီဗာပူးအသင်းရဲ့ အဓိက တိုက်စစ်မှူးဖြစ်သူ ဆာလက်ဟာ လီဗာပူးအသင်းမှာ ပျော်ရွှင်နေပေမယ့် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်လိုကြောင်း အင်တာဗျူးတခုမှာ ပြောကြားထားသလို
အသင်းနဲ့ သူ့ရဲ့ကြားမှာ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေလည်း မရှိတာကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းသစ်ကို ပြောင်းရွှေ့မယ့် အနေအထားမှာ ရှိပါတယ်။
နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ AS English သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေရဲ့ နေရာအတွက် အစားထိုးနိုင်မယ့် ကစားသမားတွေကို စတင် ရှာဖွေနေပြီ ဖြစ်ကာ လီဗာပူးအသင်းရဲ့ တိုက်စစ်မှူး ဆာလက်ဟာ သူတို့ရဲ့ အဓိက ပစ်မှတ်ဖြစ်ပြီး ဆာလက်ကို ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်းခန့်နဲ့ စတင် ကမ်းလှမ်းဖွယ် ရှိကြောင်း သိရပါတယ်။
Zawgyi Version
ျပင္သစ္ အင္အားႀကီးအသင္း ျဖစ္တဲ့ ပီအက္စ္ဂ်ီအသင္းဟာ လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ အသင္းရဲ႕ အဓိက တိုက္စစ္မႉး အမ္ဘာေပကို လက္လႊတ္ခဲ့ရပါက ပရီးမီးယားလိဂ္ကလပ္ လီဗာပူးအသင္းရဲ႕ အဓိက တိုက္စစ္မႉး ျဖစ္သူ ဆာလက္ကို အမ္ဘာေပရဲ႕ ေနရာအတြက္ ေခၚယူအားျဖည့္ဖို႔ စီစဥ္ေနေၾကာင္း ျပင္သစ္ အေျခစိုက္ သတင္းဌာနေတြနဲ႕ စပိန္အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပခဲ့ၾကပါတယ္။
အသက္ ၂၁ႏွစ္ အ႐ြယ္ ျပင္သစ္လက္ေ႐ြးစင္ တိုက္စစ္မႉး အမ္ဘာေပဟာ ပီအက္စ္ဂ်ီအသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္ေက်ာ္သာ က်န္ေတာ့တဲ့ ကစားသမား ျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းက သူ႕ကို စာခ်ဳပ္သက္တမ္း တိုးဖို႔ ေဆြးေႏြးမႈေတြ ဆက္တိုက္ ျပဳလုပ္ေနေပမယ့္ အမ္ဘာေပကေတာ့ ပီအက္စ္ဂ်ီအသင္းက ထြက္ခြာလိုေနပါတယ္။
လက္ရွိမွာေတာ့ အမ္ဘာေပကို ေခၚယူဖို႔ အတြက္ စပိန္လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္အသင္းနဲ႕ အဂၤလန္ ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးအသင္းတို႔က စိတ္ဝင္စားေနၾကၿပီး အမ္ဘာေပကလည္း လာလီဂါနဲ႕ အဂၤလန္ ပရီးမီးယားလိဂ္တို႔မွာ ကစားခ်င္ေနတာေၾကာင့္ အဆိုပါႏွစ္သင္းထဲက တစ္သင္းဟာ အမ္ဘာေပကို ရရွိဖို႔ ရာခိုင္ႏႈန္းမ်ားေနေၾကာင္း ဥေရာပ အေျပာင္းအေ႐ႊ႕ ကြၽမ္းက်င္သူေတြက ဆိုပါတယ္။
ပီအက္စ္ဂ်ီအသင္းက လက္ရွိ ကမာၻ႔အေကာင္းဆုံး ကစားသမား စာရင္းဝင္ အမ္ဘာေပကို လက္လႊတ္လိုျခင္း မရွိေပမယ့္ အမ္ဘာေပဟာ အေတြ႕အႀကဳံအသစ္ေတြကို ရယူလိုတာေၾကာင့္ ပီအက္စ္ဂ်ီအသင္းကို စြန႔္ခြာလိုေနတာပဲ ျဖစ္ပါတယ္။
တစ္ဖက္မွာေတာ့ လီဗာပူးအသင္းရဲ႕ အဓိက တိုက္စစ္မႉးျဖစ္သူ ဆာလက္ဟာ လီဗာပူးအသင္းမွာ ေပ်ာ္႐ႊင္ေနေပမယ့္ စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္လိုေၾကာင္း အင္တာဗ်ဴးတခုမွာ ေျပာၾကားထားသလို အသင္းနဲ႕ သူ႕ရဲ႕ၾကားမွာ စာခ်ဳပ္သစ္ အတြက္ ေဆြးေႏြးမႈေတြလည္း မရွိတာေၾကာင့္ လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ အသင္းသစ္ကို ေျပာင္းေ႐ႊ႕မယ့္ အေနအထားမွာ ရွိပါတယ္။
နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ AS English သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီအသင္းဟာ အမ္ဘာေပရဲ႕ ေနရာအတြက္ အစားထိုးနိုင္မယ့္ ကစားသမားေတြကို စတင္ ရွာေဖြေနၿပီ ျဖစ္ကာ လီဗာပူးအသင္းရဲ႕ တိုက္စစ္မႉး ဆာလက္ဟာ သူတို႔ရဲ႕ အဓိက ပစ္မွတ္ျဖစ္ၿပီး ဆာလက္ကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၈၀သန္းခန႔္နဲ႕ စတင္ ကမ္းလွမ္းဖြယ္ ရွိေၾကာင္း သိရပါတယ္။