Spots news

မန်ယူက တပည့်ဟောင်းတွေကို ခေါ်ယူဖို့ပြင်ဆင်မယ့် မော်ရင်ဟို

Unicode Version

နည်းပြရာထူးကနေ ထွက်လိုက်ရ၊ ပြန်ဝင်ရဖြစ်နေတဲ့ မော်ရင်ဟိုတစ်ယောက် ရိုးမားနည်းပြချုပ်ဖြစ်လာပြီးနောက် ယူနိုက်တက်ကစားသမားကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

စပါးကနေ အလုပ်ပြုတ်ပြီး နှစ်ပတ်အတွင်းလောက်မှာ ရိုးမားနည်းပြချုပ်ရာထူးကို လာမယ့်နှစ် ဘောလုံးရာသီအတွက် လက်ခံခဲ့တဲ့ မော်ရင်ဟိုဟာ အသင်းကိုအားဖြည့်ရန်အတွက် ကစားသမားအသစ်ခေါ်ဖို့ လုပ်ဆောင်နေတာပါ။

မော်ကြီး ပထမဆုံး ခေါ်ဖို့ ကြံထားတဲ့ ကစားသမားကတော့ စပိန်လက်ရွေးစင် ဂိုးသမား ဒီဂီယာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ရိုးမားအသင်းထံ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ လက်ရှိနည်းပြ ဖွန်ဆီကာရဲ့ နေရာကို အစားဝင်ရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ မော်ရင်ဟိုဟာ ရိုးမားအသင်းထံကို သူ ယုံကြည်ရတဲ့ ကစားသမားတချို့ ခေါ်ယူဖို့ လုပ်ဆောင်နေပြီး အဲဒီကစားသမားတွေထဲမှာ ယူနိုက်တက်ရဲ့ ဂိုးသမား ဒီဂီယာ အပြင် ကွင်းလယ်ခံစစ် ကစားသမား မာတစ် ၊ ကွင်းလယ်တိုက်စစ် ကစားသမား မာတာတို့ဟာ ထိပ်ဆုံးက ပါဝင်နေကြောင်းသတင်းတချို့က ဖော်ပြထားပါတယ်။

တစ်ဖက်မှာတော့ယူနိုက်တက်တွင် မော်ရင်ဟို ချောင်ထိုးထားခဲ့တဲ့ ကစားသမားနှစ်ဦးဖြစ်တဲ့ စမောလင်းနှင့် မီခီတာရန်တို့မှာ ရိုးမားတွင်ရောက်ရှိနေပြီး အခုအခါ မော်ရင်ဟိုတစ်ယောက် နည်းပြချုပ်အဖြစ် ရောက်ရှိလာတဲ့အခါ သူတို့ရဲ့အနာဂတ်အတွက် စဉ်းစားစရာတွေဖြစ်လာနေပါတယ်။

ဒီဂီယာဟာ အသက် ၃၀အရွယ်သာ ရှိသေးသလို ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ် အထိ ကျန်ရှိနေပါသေးတယ်။