Spots news

ဂါရတ်ဘေးလ်ကို အဲဗာတန်ကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ အန်ဆလော့တီ

Unicode Version

အဲဗာတန်အသင်းရဲ့ နည်းပြ အန်စလော့တီက သူနဲ့အတူ ရီးယဲလ်မက်ဒရစ်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ ဂါရတ်ဘေးလ်ကို လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ သူရဲ့အဲဗာတန်အသင်းဆီ အရောက်ခေါ်ယူချင်နေခြင်းကို အသင်းတာဝန်ရှိသူတွေဆီ တောင်းဆိုထားခဲ့တယ်လို့ ဘောလုံးဂျာနယ်လစ်တစ်ဦးကနေ ထုတ်ဖော်လာခဲ့ပါတယ်။

အန်စလော့တီနဲ့ ဂါရတ်ဘေးလ်တို့နှစ်ယောက်ဟာ လွန်ခဲ့တဲ့ ၂၀၁၃ခုနှစ်ကတည်းက ရီးယဲလ်မက်ဒရစ်အသင်းမှာ စတင်ဆုံစည်းခဲ့တာဖြစ်ပြီး ဘေးလ်ကို အန်စလော့တီ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အခုလည်း အန်စလော့တီဟာ သူရဲ့အဲဗာတန်အသင်းအတွက် ဘေးလ်ကို ခေါ်ယူအားဖြည့်ချင်နေတာကြောင့် အဲဗာတန်အသင်း တာဝန်ရှိသူတွေကို တောင်းဆိုထားတယ်လို့ ဂျာနယ်လစ် အက်ဒွါဒိုအင်ဒါက ပြန်လည်ပြောဆိုလာခဲ့ပါတယ်။

အင်ဒါက “အန်စလော့တီက ဘေးလ်ကို အသင်းအတွက် ခေါ်ယူပေးဖို့ တောင်းဆိုထားခဲ့ပါတယ်။ ဘေးလ်ဆိုတာကလည်း သူအရမ်းသဘောကျခဲ့ရတဲ့ ကစားသမားတစ်ယောက်။ သူနဲ့လည်း ရီးယဲလ်မက်ဒရစ်မှာ တွဲဖက်ခဲ့ဖူးသူ။ ဒါကြောင့် သူရဲ့အဲဗာတန်အသင်းဆီကို အရခေါ်ယူချင်နေတာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဘေးလ်ဟာ နွေစျေးကွက်ကမှ ရီးယဲလ်မက်ဒရစ်အသင်းကနေ သူရဲ့အသင်းဟောင်း စပါးအသင်းဆီကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရပေမယ့် ဒီရာသီမှာ အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၉)ဂိုးအထိ သွင်းယူထားကာ အထိုက်အလျောက် ခြေစွမ်းပြထားခဲ့တာကြောင့် စပါးဘက်ကနေ အပြီးသတ်ခေါ်ယူဖို့အထိ စီစဉ်လာခဲ့တာဖြစ်ပါတယ်။

တကယ်လို့ ဘေးလ်ရဲ့ ပြောင်းရွှေ့ကြေးကြောင့် အပြီးသတ်ခေါ်ယူဖို့ ခက်ခဲမယ်ဆိုရင်လည်း နောက်ထပ်တစ်ရာသီခန့် အငှားနဲ့ ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပေမယ့်လည်း လက်ရှိမှာ ဘေးလ်ကို အဲဗာတန်အသင်းဘက်ကနေပါ ပစ်မှတ်ထားလာခဲ့တာကြောင့် စပါးအနေနဲ့ ခက်ခက်ခဲခဲ ကြိုးပမ်းရဖွယ် ရှိနေပါတယ်။

Zawgyi Version

အဲဗာတန္အသင္းရဲ႕ နည္းျပ အန္စေလာ့တီက သူနဲ႕အတူ ရီးယဲလ္မက္ဒရစ္အသင္းမွာ လက္တြဲခဲ့ဖူးတဲ့ ၾကယ္ပြင့္ကစားသမားတစ္ဦးျဖစ္တဲ့ ဂါရတ္ေဘးလ္ကို လာမယ့္ေႏြရာသီ အေျပာင္းအေ႐ႊ႕ေစ်းကြက္အတြင္းမွာ သူရဲ႕အဲဗာတန္အသင္းဆီ အေရာက္ေခၚယူခ်င္ေနျခင္းကို အသင္းတာဝန္ရွိသူေတြဆီ ေတာင္းဆိုထားခဲ့တယ္လို႔ ေဘာလုံးဂ်ာနယ္လစ္တစ္ဦးကေန ထုတ္ေဖာ္လာခဲ့ပါတယ္။

အန္စေလာ့တီနဲ႕ ဂါရတ္ေဘးလ္တို႔ႏွစ္ေယာက္ဟာ လြန္ခဲ့တဲ့ ၂၀၁၃ခုႏွစ္ကတည္းက ရီးယဲလ္မက္ဒရစ္အသင္းမွာ စတင္ဆုံစည္းခဲ့တာျဖစ္ၿပီး ေဘးလ္ကို အန္စေလာ့တီ ေခၚယူခဲ့တာျဖစ္ပါတယ္။ အခုလည္း အန္စေလာ့တီဟာ သူရဲ႕အဲဗာတန္အသင္းအတြက္ ေဘးလ္ကို ေခၚယူအားျဖည့္ခ်င္ေနတာေၾကာင့္ အဲဗာတန္အသင္း တာဝန္ရွိသူေတြကို ေတာင္းဆိုထားတယ္လို႔ ဂ်ာနယ္လစ္ အက္ဒြါဒိုအင္ဒါက ျပန္လည္ေျပာဆိုလာခဲ့ပါတယ္။

အင္ဒါက “အန္စေလာ့တီက ေဘးလ္ကို အသင္းအတြက္ ေခၚယူေပးဖို႔ ေတာင္းဆိုထားခဲ့ပါတယ္။ ေဘးလ္ဆိုတာကလည္း သူအရမ္းသေဘာက်ခဲ့ရတဲ့ ကစားသမားတစ္ေယာက္။ သူနဲ႕လည္း ရီးယဲလ္မက္ဒရစ္မွာ တြဲဖက္ခဲ့ဖူးသူ။ ဒါေၾကာင့္ သူရဲ႕အဲဗာတန္အသင္းဆီကို အရေခၚယူခ်င္ေနတာပါ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။

ေဘးလ္ဟာ ေႏြေစ်းကြက္ကမွ ရီးယဲလ္မက္ဒရစ္အသင္းကေန သူရဲ႕အသင္းေဟာင္း စပါးအသင္းဆီကို တစ္ရာသီအငွားစာခ်ဳပ္နဲ႕ ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး အသင္းမွာ ပုံမွန္ေနရာရဖို႔ ႐ုန္းကန္ေနရေပမယ့္ ဒီရာသီမွာ အသင္းအတြက္ ပရီးမီးယားလိဂ္သြင္းဂိုး (၉)ဂိုးအထိ သြင္းယူထားကာ အထိုက္အေလ်ာက္ ေျခစြမ္းျပထားခဲ့တာေၾကာင့္ စပါးဘက္ကေန အၿပီးသတ္ေခၚယူဖို႔အထိ စီစဥ္လာခဲ့တာျဖစ္ပါတယ္။

တကယ္လို႔ ေဘးလ္ရဲ႕ ေျပာင္းေ႐ႊ႕ေၾကးေၾကာင့္ အၿပီးသတ္ေခၚယူဖို႔ ခက္ခဲမယ္ဆိုရင္လည္း ေနာက္ထပ္တစ္ရာသီခန႔္ အငွားနဲ႕ ေခၚယူဖို႔ စီစဥ္ေနတာျဖစ္ေပမယ့္လည္း လက္ရွိမွာ ေဘးလ္ကို အဲဗာတန္အသင္းဘက္ကေနပါ ပစ္မွတ္ထားလာခဲ့တာေၾကာင့္ စပါးအေနနဲ႕ ခက္ခက္ခဲခဲ ႀကိဳးပမ္းရဖြယ္ ရွိေနပါတယ္။