Spots news

ယူရိုပါလိဂ်ဖလားကို မန်ယူနိုက်တက်ရမယ်လို့ မန်ယူကစားသမားဟောင်းများ ခန့်မှန်း

Unicode Version

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းတွေဖြစ်တဲ့ ဖာဒီနန် ၊ ဟားဂရေ့ဗ် နဲ့ စခိုးလ်တို့ကတော့ ဗီလာရီးရဲလ်ကိုအနိုင်ယူပြီး ယူနိုက်တက်က ယူရိုပါလိဂ်ဖလားရလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဆိုးလ်ရှားလက်အောက်မှာရိုးမားကို ကျော်ဖြတ်ပြီး ပထမဆုံးဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ အမ်မရီရဲ့ဗီလာရီးရဲလ်က အာဆင်နယ်ကို ကျော်ဖြတ်ပြီး ဖိုင်နယ်ကိုတက်ရောက်လာနိုင်ခဲ့ပါတယ်။ “ယူနိုက်တက်သာ လက်ရှိပုံစံကိုဆက်ထိန်းနိုင်ရင် ချန်ပီယံဖြစ်နိုင်ပါတယ်။ ယူနိုက်တက်မှာက ဒီဆုဖလားရရှိထားတဲ့သူတွေရှိနေပါတယ်။

အမ်မရီက အတွေ့အကြုံကောင်းတွေရှိခဲ့ပေမယ့် ယူနိုက်တက်လုပ်နိုင်လိမ့်မယ်လို့ထင်ပါတယ်။ ”လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။ “အမ်မရီက ဒီဆုဖလားကိုရရှိထားတာပါ။ ယူနိုက်တက်အတွက်တော့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ဒီဆုဖလားက ယူနိုက်တက်ရဖို့အခွင့်အရေးများနေပါတယ်။

ဖာနန်ဒက်စ် ၊ ကာဗာနီ ၊ ပေါ့ဂ်ဘာတို့ရှိနေတာကြောင့် ယူနိုက်တက်ကအကောင်းဆုံးလူစာရင်းရှိနေပါတယ်”လို့ ဟားဂရေ့ဗ်က ပြောကြားခဲ့ပါတယ်။ စခိုးလ်ကလည်း ယူနိုက်တက်အနေနဲ့ ဒီဆုဖလားကိုရရှိဖို့အခြေအနေကောင်းနေတယ်လို့ ဆိုခဲ့ပါတယ်။ အမ်မရီဟာ အာဆင်နယ်ကို ယူရိုပါလိဂ်ဖိုင်နယ်မပို့ဆောင်ခင်မှာ ယူရိုပါလိဂ်ဖလား ၃ ကြိမ်ရရှိထားခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ ကစားသမားေဟာင္းေတြျဖစ္တဲ့ ဖာဒီနန္ ၊ ဟားဂေရ႕ဗ္ နဲ႕ စခိုးလ္တို႔ကေတာ့ ဗီလာရီးရဲလ္ကိုအနိုင္ယူၿပီး ယူနိုက္တက္က ယူရိုပါလိဂ္ဖလားရလိမ့္မယ္လို႔ ခန႔္မွန္းလိုက္ပါတယ္။ ယူနိုက္တက္ဟာ ဆိုးလ္ရွားလက္ေအာက္မွာရိုးမားကို ေက်ာ္ျဖတ္ၿပီး ပထမဆုံးဖိုင္နယ္ကိုတက္ေရာက္နိုင္ခဲ့တာျဖစ္ပါတယ္။

အျခားတစ္ဖက္မွာေတာ့ အမ္မရီရဲ႕ဗီလာရီးရဲလ္က အာဆင္နယ္ကို ေက်ာ္ျဖတ္ၿပီး ဖိုင္နယ္ကိုတက္ေရာက္လာနိုင္ခဲ့ပါတယ္။ “ယူနိုက္တက္သာ လက္ရွိပုံစံကိုဆက္ထိန္းနိုင္ရင္ ခ်န္ပီယံျဖစ္နိုင္ပါတယ္။ ယူနိုက္တက္မွာက ဒီဆုဖလားရရွိထားတဲ့သူေတြရွိေနပါတယ္။

အမ္မရီက အေတြ႕အႀကဳံေကာင္းေတြရွိခဲ့ေပမယ့္ ယူနိုက္တက္လုပ္နိုင္လိမ့္မယ္လို႔ထင္ပါတယ္။ ”လို႔ ဖာဒီနန္က ေျပာၾကားခဲ့ပါတယ္။ “အမ္မရီက ဒီဆုဖလားကိုရရွိထားတာပါ။ ယူနိုက္တက္အတြက္ေတာ့ ခက္ခဲနိုင္ပါတယ္။ ဒါေပမယ့္ ဒီဆုဖလားက ယူနိုက္တက္ရဖို႔အခြင့္အေရးမ်ားေနပါတယ္။

ဖာနန္ဒက္စ္ ၊ ကာဗာနီ ၊ ေပါ့ဂ္ဘာတို႔ရွိေနတာေၾကာင့္ ယူနိုက္တက္ကအေကာင္းဆုံးလူစာရင္းရွိေနပါတယ္”လို႔ ဟားဂေရ႕ဗ္က ေျပာၾကားခဲ့ပါတယ္။ စခိုးလ္ကလည္း ယူနိုက္တက္အေနနဲ႕ ဒီဆုဖလားကိုရရွိဖို႔အေျခအေနေကာင္းေနတယ္လို႔ ဆိုခဲ့ပါတယ္။ အမ္မရီဟာ အာဆင္နယ္ကို ယူရိုပါလိဂ္ဖိုင္နယ္မပို႔ေဆာင္ခင္မွာ ယူရိုပါလိဂ္ဖလား ၃ ႀကိမ္ရရွိထားခဲ့ပါတယ္။