Spots news

အဂွဲရိုးကို ခေါ်ယူဖို့ ‌‌စတင်ဆွေးနွေးနေပြီဖြစ်တဲ့ စပိန်ထိပ်သီး ဘာစီလိုနာ

Unicode Version

ဘာစီလိုနာ အသင်းဟာ မန်စီးတီးရဲ့ သွင်းဂိုးအများဆုံး သွင်းယူထားနိုင်သူ ဝါရင့်တိုက်စစ်မှူးကြီး ဆာဂျီယိုအဂွဲရိုးကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ အေးဂျင့်ဖြစ်သူနဲ့ ဆွေး‌နွေးမှူ ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်းအချို့က အခိုင်အမာ ပြောဆိုလာကြပါတယ်။

အဂွဲရိုးနဲ့ မန်စီးတီး တို့ရဲ့ စာချုပ်သက်တမ်းဟာဆိုရင်လည်း ဒီနှစ်ရာသီအကုန်မှာပဲ ကုန်ဆုံးတော့မှာဖြစ်လို့ အဂွဲရိုး ရဲ့အနာဂတ်အခြေအနေတွေက မရေမရာ ဖြစ်လာခဲ့ရပါတယ်။

အသက်(၃၃)နှစ်အရွှယ်ရှိ အာ အဂွဲရိုးဟာ လွန်ခဲ့တဲ့ ၂၀၁၁ခုနှစ်ကမှ မန်စီးတီးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး မန်စီးတီးမှာ ဆုဖလားများစွာကို ပိုင်ဆိုင်ခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ အဂွဲရိုးဟာ အသက်အရွှယ်အရ ကြီးရင့်နေပြီဖြစ်သလို

ဒဏ်ရာပြသာနာတွေနဲ့လည်း ရင်ဆိုင်နေရတာဖြစ်လို့ သူ့ကို သက်တမ်းတိုးဖို့အတွက် အသင်းဘက်ကနေ စဉ်းစားလျက်ရှိပြီး သက်တမ်းတိုးဖြစ်မယ်ဆိုရင်တောင်မှ တစ်ပတ်လုပ်ခကို လျှော့ချသွားမှာဖြစ်ပါတယ်။

အဂွဲရိုးဟာ ပရီးမီးယားလိဂ်ဆုဖလား (၄)ကြိမ် အက်အေဖလား (၁)ကြိမ်နဲ့ လိဂ်ဖလား (၅)ကြိမ်အထိကို ဆွတ်ခူးထားနိုင်ခဲ့ပြီး အသင်းမှာလည်း တစ်ပတ်လုပ်ခ ပေါင်(၂)သိန်း(၆)သောင်းအထိကို ရရှိထားသူလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းဘက်ကတော့ သူတို့ရဲ့ Legend ကစားသမား အဂွဲရိုးကို ကာလတိုလောက်သာ စာချုပ်ချုပ်ဆိုချင်နေသလို အဂွဲရိုးရဲ့လစာကိုလည်း လျှော့ချပြီးသာ ပေးချေချင်နေပါတယ်။

အင်္ဂလန် သတင်းဌာန ဖြစ်တဲ့ Sky Sportsရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ အဂူရိုကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အတွက် အဂွဲရိုးရဲ့ အေးဂျင့်အဖွဲ့နဲ့ ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ကာ နှစ်ဦးနှစ်ဖက်ကြားမှာ သဘောတူညီမှု ရဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

အဂွဲရိုးဟာ မန်စီးတီးအသင်းထံ အက်သလက်တီကို မက်ဒရစ်အသင်း ကနေ ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး ဖြစ်တာကြောင့် လာလီဂါ အတွေ့အကြုံရင့် တိုက်စစ်မှူးတဦး ဖြစ်ကာ ဘာစီလိုနာရဲ့ တိုက်စစ်မှူး လိုအပ်ချက်နဲ့

ကိုက်ညီတဲ့ ကစားသမား ဖြစ်ကြောင်း ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပြီး ဘာစီလိုနာအသင်းရဲ့ ပရိသတ်တွေကလည်း အဂွဲရိုးကို ကြိုဆိုကြောင်း လူမှုကွန်ယက်တွေပေါ်မှာ ရေးသားထားကြပါတယ်။

Zawgyi Version

ဘာစီလိုနာ အသင်းဟာ မန်စီးတီးရဲ့ သွင်းဂိုးအများဆုံး သွင်းယူထားနိုင်သူ ဝါရင့်တိုက်စစ်မှူးကြီး ဆာဂျီယိုအဂွဲရိုးကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ အေးဂျင့်ဖြစ်သူနဲ့ ဆွေး‌နွေးမှူ ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်းအချို့က အခိာင်အမာ ပြောဆိုလာကြပါတယ်။







