Spots news

ပရီးမီးယားလိဂ်ကိုပြောင်းမယ့် ဆန်ချို ဘယ်အသင်းကိုရောက်မလဲ

Unicode Version

ယမန်နှစ် အပြောင်းအရွေ့ကာလမှာ နာမည်ကြီးခဲ့တဲ့ ဒေါ့မွန်စတား ဆန်ချိုဟာ အသင်းမပြောင်းရွေ့ဖြစ်ခဲ့ပေမယ့် လက်ရှိဘောလုံးရာသီမှာ အသင်းဖော်ဟာလန်းရဲ့ ခြေစွမ်းအောက် တိမ်မြုပ်နေခဲ့ရပြီမို့ ခေါ်ချင်သူတွေ တန်းစီနေတဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွေ့ဖို့ ရာနှုန်းအတော် များနေခဲ့ပြီ ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းရဲ့ အားကစားဒါရိုက်တာ မိုက်ကယ်ဇော့က အင်္ဂလန်လက်ရွေးစင်ကို လာမယ့် အပြောင်းအရွှေ့ ဈေးကွက်အတွင်း အသင်းကနေ ထွက်ခွာခွင့် ပေးထားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။

အခုတော့ ဒေါ့မွန်ဘက်က ဆန်ချိုအတွက် ပေါင် ၈၀ သန်းဝန်းကျင်လောက်နဲ့ ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းထုတ်မယ့် အနေအထားမှာ ရှိနေပြီး ကစားသမားကလဲ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိမယ့် အသင်းတစ်သင်းကို ပြောင်းရွေ့ချင်နေတာ ဖြစ်ကြောင်း သတင်းများက ဆိုပါတယ်

မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက ၂၁ နှစ်အရွယ် တောင်ပံကစားသမားနဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့ပေမယ့် ဒေါ့မွန်နဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းမှု အဆင်မပြေ ဖြစ်ခဲ့တာကြောင့် အပြီးသတ် ခေါ်ယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

Sky Sports သတင်းကတော့ ဒီနွေရာသီမှာ မန်စီးတီးလူငယ် ကြယ်ပွင့်ဟောင်းကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းလေးသင်းရှိနေပြီး အဲ့ဒီထဲမှာ မန်ချက်စတာယူနိုက်တက်ကလည်း ပါဝင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါသတင်းအရ ဒေါ့မွန်အသင်းဟာ ဆန်ချိုအတွက် ပေါင်သန်း ၈၀ ဝန်းကျင်နဲ့ ကမ်းလှမ်းလာရင် လက်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

ဒေါ့မွန်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေးကို ပေါင် ၁၀၈ သန်းအထိ တောင်းဆိုခဲ့ပေမယ့် ဒီနွေရာမှာတော့ သတ်မှတ်ဈေးကို လျှော့ချခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးကလည်း ဆန်ချိုကို စိတ်ဝင်စားခဲ့သေးပေမယ့် ယူနိုက်တက်ကတော့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ရင် ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ပိုပြီးအခြေအနေ ကောင်းသွားမှာ ဖြစ်ပါတယ်။

တိုက်စစ်ကစားသမားတွေ ခေါ်ယူဖို့ ကြိုးစားနေတဲ့ ချဲလ်ဆီးအသင်းကလည်း ၂၀၂- ၂၁ ရာသီအတွင်းမှာ ဂျာမန်ကလပ်အတွက် ၃၄ ပွဲကစားပြီး ၁၂ ဂိုးသွင်း ၁၈ ဂိုးဖန်တီးထားတဲ့ ဆန်ချိုအတွက် ဆက်သွယ် စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။