Spots news

ဒိုင်ဘာလာကို ခေါ်ယူဖို့ တဲလက်စ်နဲ့ အလိုက်ပေးနိုင်ချေရှိတဲ့ မန်ချက်စတာ ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ ဂျူဗင်မှာ ရုန်းကန်နေရတဲ့ အာဂျင်တီးနား နိုင်ငံသား ဂျူဗင်တပ်စ်စတား ပေါ်လိုဒိုင်ဘာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းများက ဖော်ပြလာခဲ့ကြပါတယ်။

အာဂျင်တီးနားသား အနေနဲ့ လက်ရှိရာသီမှာ ဒဏ်ရာပြသနာ တွေကြောင့် ပုံမှန်‌ခြေစွမ်း ရရှိဖို့ရုန်းကန်နေရပြီး လာမယ့်ကာလ အတွင်းမှာ ဂျူဗင်တပ်စ် ကနေထွက်ခွာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ဂျူဗင်တပ်စ် နဲ့ ဒိုင်ဘာလာ တို့ရဲ့စာချုပ်သက်တမ်းက ၂၀၂၂ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး နွေရာသီမှာ ကစားသမားက အသင်းကနေထွက်ခွာချင်နေပါတယ်။ မာကာတိုသတင်းဌာနကတော့ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းအတွက် အာဂျင်တီးနားသားကို စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာလဲ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ တဲလက်စ်ကို ခေါ်ယူရန် စုံစမ်းနေတာ ဖြစ်ပြီး အကယ်၍ ယူနိုက်တက်အနေနဲ့ ဒိုင်ဘာလာ ကိုခေါ်ယူလိုပါက တဲလက်စ်နဲ့ အလိုက်ပေး ခေါ်ယူရန် ဖြစ်လာနိုင်ချေ ရှိပါတယ်။

ဘရာဇီးသား တဲလက်စ်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွေ့ကာလမှာ မန်ချက်စတာ ယူနိုက်တက်ကို ပေါင် 15 သန်းဖြင့် ရောက်ရှိလာခဲ့တာဖြစ်ပြီး လုရှော ရဲ့ခြေစွမ်းပြနေမှုကြောင့် ပုံမှန်ပွဲထွက်ခွင့် မရရှိသေးပါဘူး။

ယူနိုက်တက်အနေနဲ့ တဲလက်စ်အပြင် နောက်ထပ် ပေါင် သန်း 20 ခန့်ဖြင့် ဒိုင်ဘာလာကို ခေါ်ယူနိုင်မှာဖြစ်ပြီး ကစားသမားရဲ့ ခြေစွမ်းပေါ်မူတည်ပြီး ဂျူဗင်နဲ့ နောက်ထပ် သဘောတူညီချက်များ ချုပ်ဆိုရနိုင်ချေရှိကြောင်း အီတလီမီဒီယာ များက ရေးသား ဖော်ပြ ထားပါတယ်။

Zawgyi Version





