Spots news

ယူနိုက်တက်အတွက် လီဝမ်ဒေါစကီးကို ၅၂ သန်းသတ်မှတ်‌ပေးလိုက်တဲ့ ဘိုင်ယန်

Unicode Version

ကာဗာနီ ရဲ့ အနာဂတ်မသေချာမှုကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရှေ့တန်းတိုက်စစ်မြားဦး ကစားသမားတစ်ဦးကို ရှာဖွေနေပြီး ပြီးခဲ့သောရက်များက ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး လီဝမ်ဒေါစကီး၏ ဈေးနှုန်းကို စုံစမ်းခဲ့ရာ ဘိုင်ယန်က သတ်မှတ်ထားသည့် ဈေးနှုန်းတစ်ရပ်ကို ပြောကြားခဲ့ကြောင်း သတင်းများက ဖော်ပြထားပါတယ်။

လီဝမ်ဒေါစကီးကို ‌ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်း သတ်မှတ်ထားပြီး အသက် ၃၃ နှစ်အရွယ် ပိုလန်လက်ရွေးစင် တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ခေါ်ယူရေးနှင့်ပတ်သက်၍ နည်းပြဆိုးရှားကလည်း စိတ်ဝင်စား‌ နေပါတယ် ။

ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးနှင့် မန်စီးတီးအသင်းကလည်း တိုက်စစ်မှူးစစ်စစ် ကစားသမားတစ်ဦးကို ရှာဖွေနေပြီး ဆိုးရှားနှင့်အပြိုင် လီဝမ်ဒေါစကီးကို ခေါ်ယူရန် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

အမ်ဘာပေ၏ စာချုပ်သက်တမ်းတိုးမြှင့်မှုအပေါ်မူတည်ပြီး ပြင်သစ်အသင်းကြီး ပီအက်စ်ဂျီကလည်း လီဝမ်ဒေါစကီး၏ အခြေအနေကိုစောင့်ကြည့်လျက်ရှိနေပါသေးတယ်။

တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ယခင်က ဘိုင်ယန်မြူးနစ်တွင် ကစားသမားဘဝ အဆုံးသတ်လိုကြောင်း ပြောဆိုခဲ့သော်လည်း ပြီးခဲ့သည့်လက စ၍ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန်ရှိကြောင်း သတင်းထွက်ပေါ် လာပါတယ်။

လီဝမ်ဒေါစကီးဟာ ၂၀၁၄ ခုနှစ်မှာ ဒေါ့မွန်မှ ဘိုင်ယန်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ဘိုင်ယန်အတွက် စုစုပေါင်း ၂၈၉ ဂိုး သွင်းယူပေးထားပါတယ်။ လက်ရှိဘောလုံးရာသီ မှာလဲ လီဝမ်ဒေါစကီးဟာ ပြိုင်ပွဲစုံ ၄၃ ဂိုး သွင်းယူထားပြီး ထိပ်တန်းခြေစွမ်းကို ပြသလျက် ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဟာလန်းကို မခေါ်နိုင်ခဲ့ပါက လီဝမ်ဒေါစကီးကို အစားထိုးပြီး မရရအောင် ခေါ်ယူလာဖွယ်ရှိ နေပြီး မန်စီးတီးအသင်းကလည်း အဂွဲရိုး အသင်းမှထွက်ခွာမည်ဖြစ်သောကြောင့် တိုက်စစ်မှူးအသစ် ရှာဖွေနေပြီး လီဝမ်ဒေါစကီးကို ပစ်မှတ်ထားနေပါတယ်။