Spots news

ဂရီးလစ်ခ်ျကို မန်ချက်စတာ(သို့) လီဗာပူးသို့ ပြောင်းသင့်ကြောင်း ပေါလ်စကိုလ်းပြော

Unicode Version

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင်ကွင်းလယ်လူ ပေါလ်စကိုးလ်ကတော့ အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ရှ်ကို

မန်ချက်စတာ ယူနိုက်တက် သို့မဟုတ် မန်ချက်စတာစီးတီး သို့မဟုတ် လီဗာပူးကို ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဗီလာ အသင်းခေါင်းဆောင် ဂရီးလစ်ရှ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမားတစ်ယောက်အဖြစ်

ရပ်တည်နေပြီး ဗီလာကို ဥရောပဝင်ခွင့် တစ်နေရာ ရရှိစေဖို့အတွက် ကြိုးစားပေး နေသူလည်း ဖြစ်ပါတယ်။

၂၅ နှစ်အရွယ် ကစားသမားဟာ နွေရာသီမှာ အသင်းပြောင်းရွှေ့နိုင်ခြေ အများဆုံး ကစားသမား တွေထဲက တစ်ယောက်ဖြစ်ပြီး ဂရီးလစ်ရှ်အနေနဲ့ ဆုဖလားတွေ ပိုင်ဆိုင်ပြီး

ထိပ်တန်း ကစားသမား တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် အသင်း ပြောင်းရွှေ့ဖို့ လိုအပ်ကြောင်း ပေါလ်စကိုးလ်က တိုက်တွန်းခဲ့ ပါတယ်။

၂၀၂၀-၂၁ အတွက် PFA ဆုစာရင်းမှာ ဂရီးလစ်ရှ် ပါဝင် နိုင်လောက်လားလို့ မေးမြန်းရာမှာတော့ ယူနိုက်တက် ကွင်းလယ် လူဟောင်းက မန်ယူ၊ လီဗာပူးနဲ့

စီးတီး တစ်သင်းသင်းမှာသာ ဂရီးလစ်ရှ်ကစားနေမယ် ဆိုရင် ထိပ်ဆုံးသုံးယောက် ထဲမှာတောင် သေချာပေါက် ပါဝင်ပါ လိမ့်မယ်လို့ ပြောခဲ့ပါတယ်။

စကိုးလ်က “ ဗီလာမှာက ဖိအားမရှိပါဘူး။ ထိပ်တန်း အသင်းတစ်သင်း မှာဆိုရင်တော့ သူ့အနေနဲ့ အပတ်တိုင်း အနိုင်ရရှိဖို့ ကြိုးစားနေရမှာပါ။

သူ့ကိုယ်သူ ထိပ်တန်း ကစားသမား တစ်ယောက်ဆိုတာကို သက်သေပြ နိုင်ဖို့အတွက် ဗီလာကနေ ထွက်ဖို့ လိုပါတယ်။ ဂျက်ဂရီးလစ်ရှ်က ပေါ်လိုဒီကာနီယိုနဲ့ ဆင်တူပါတယ်။

အက်စတွန်ဗီလာ မှာဆိုရင်တော့ သူကဘုရင်ပါပဲ။ အပတ်တိုင်း နိုင်ပွဲတွေ လိုချင်ရင်၊ ဆုဖလားတွေ ကိုင်မြှောက်ချင် ရင်တော့ လက်ရှိအသင်းကနေ ထွက်ခွာမှရပါမယ်။

သူက အောင်မြင်မှုတွေ အများကြီး ရယူနိုင်တဲ့သူပါ ဒါပေမယ့် ကိုယ်တိုင်က မလုပ်ပြသရွေ့တော့ ဒါတွေက ဖြစ်လာမှာ မဟုတ်ပါဘူး ” လို့ ပြောခဲ့ပါတယ်။