Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ လာမယ့် တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဥ် ( ၃၅ ) အဖြစ် အက်စတွန်ဗီလာအသင်းကို ဗီလာပါ့ခ်မှာ သွားရောက်ယှဥ်ပြိုင်ရဖို့ရှိနေပါတယ်။
ယူနိုက်တက်က လက်ရှိမှာ ( ၃၃ ) ပွဲကစားထားပြီး ရမှတ် ( ၆၇ ) မှတ်မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာရပ်တည်နေပြီး မန်စီးတီးအသင်းအောက် ( ၁၃ ) မှတ်လျော့နည်းကာ တတိယနေရာက လက်စတာစီးတီအသင်းကို ( ၄ ) မှတ်အသာစီးရထားပါတယ်။
အက်စတွန်ဗီလာအသင်းကတော့ ( ၃၃ ) ပွဲကစားထားပြီး ရမှတ် ( ၄၈ ) မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ( ၁၀ )နေရာမှာ ရပ်တည်နေပါတယ်။
နည်းပြ ဆိုလ်းရှားအတွက် ပွဲကျပ်ကာလရင်ဆိုင်နေရတာ ဖြစ်ပြီး ယူနိုက်တက် အနေနဲ့ ဗီလာရီးရဲလ် နဲ့ ယူရိုပါလိဂ် ဖိုင်နယ်ကိုပဲ အာရုံစိုက်နေပြီ ဖြစ်ကြောင်း နည်းပြဆိုလ်းရှားက ပြောကြားထားပါတယ်။
ယခုပွဲစဉ်မှာ ဒေးဗစ်ဒီဂီယာကို အနားပေးလာဖို့ သေချာသလောက်ပါပဲ ။ လတ်စတာ ၊ လီဗာပူး တို့နဲ့ ဆက်တိုက်ပွဲကြပ် ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် ယခု ဗီလာနဲ့ ပွဲကို ဟန်ဒါဆန် ပွဲထွက်လာနိုင်ပါတယ်။
လုရှော ၊ ဗစ်ဆာကာ ၊ မက်ဂွိုင်းယား နဲ့ လင်ဒီလော့ဖ် တို့က ယူနိုက်တက် ပွဲထွက်လာနိုင်ပေမယ့် ခံစစ်တောင်ပံ နှစ်ဖက်မှ လုရှော ( သို့ ) ဗစ်ဆာကာ ကို အနားပေး လာနိုင်ဖွယ်ရာရှိပါတယ်။
ဘရူနိုဖာနန်ဒက် ကို ယခုပွဲစဉ်အတွက် နည်းပြဆိုလ်းရှား အနားပေး ထားဖွယ်ရာ ရှိနေပါတယ်။ ပေါ့ဘာ နဲ့ အတူ ပုံမှန်ပွဲထွက်ခွင့် သိပ်မရနေတဲ့ ဗန်ဒီဘိခ် ပါဝင်လာနိုင်ဖွယ်ရာ ရှိပြီး တော်မီနေး ၊ ဖရတ်တို့ ယူနိုက်တက် ကွင်းလယ်မှာ ပါဝင်လာဖွယ်ရာရှိပါတယ်။
အနားယူနေရတဲ့ တိုက်စစ်မှူး မာရှယ်ဟာ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီ ဆိုပေမယ့် ယခုပွဲစဉ်မှာ ပွဲထွက် လူစာရင်းမှာ ပါဝင်လာနိုင်ဖွယ်ရာ မရှိသေးပါဘူး။ ဒါ့အပြင် ရိုးမား နဲ့ ပွဲမှာ ပွဲချိန်ပြည့် ကစားထားတဲ့ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ကိုလဲ ပွဲထွက် လူစာရင်းကနေ ချန်ထားဖွယ်ရာရှိပါတယ်။
တိုက်စစ်မှူး မားကပ်ရပ်ဖို့ဒ် ပါဝင်လာမှာ ဖြစ်ပြီး ယူနိုက်တက် အနေနဲ့ အင်္ဂါ နေ့မှာရင်ဆိုင်ရမယ့် လတ်စတာ နဲ့ပွဲစဉ်အတွက် အဓိက ကစားသမားအချို့ကို ချန်ထားမှာ ဖြစ်လို့ နှစ်ဖက်သွင်းဂိုးနည်းနိုင်ပါတယ်။