Spots news

ကာဗာနီအ‌ပေါ်မူတည်နေတဲ့ မန်ယူ နဲ့ အန်ဒရီဆေးလ်ဗား ‌ရဲ့အပြောင်းအရွေ့

Unicode Version

ယူနိုက်တက်အသင်းကတော့ ကာဗာနီထွက်ခွာဖြစ်ရင် ဖရန့်ဖတ်တိုက်စစ်မှူး အန်ဒရီဆေးလ်ဗားကို ခေါ်ယူဖွယ်ရှိနေပါတယ်။ ဆေးလ်ဗားဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းပြနေပြီး ၂၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာလည်း လီဝန်ဒေါစကီးရဲ့နောက် ဒုတိယနေရာမှာ ဟာလန်းနဲ့အတူ ရပ်တည်နေပါတယ်။

အဆိုပါစွမ်းဆောင်ရည်တွေကြောင့် ဆေးလ်ဗားကို ကလပ်အသင်းတော်တော်များများက စိတ်ဝင်စားနေပြီး ယူနိုက်တက်ကလည်း ခေါ်ယူချင်နေပါတယ်။ ဒါပေမဲ့ အဆိုပါအပြောင်းအရွှေ့က ကာဗာနီရဲ့အပြောင်းအရွှေ့အပေါ်မှာ အများကြီး မူတည်နေပါတယ်။

ကာဗာနီဟာ နွေရာသီတုန်းက ပီအက်စ်ဂျီကနေ အလွတ်နဲ့ပြောင်းလာခဲ့တာဖြစ်ပြီး ယူနိုက်တက် အတွက် ခြေစွမ်းပြကာ အရေးပါတဲ့ သွင်းဂိုးများ သွင်းယူနိုင်ခဲ့ပါတယ်။ အသက် ၃၄ နှစ်သားဟာ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့ နှောင့်နှေးနေဆဲ ဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ ကာဗာနီကို ထွက်ခွာခွင့်ပြုမယ်ဆိုရင်တော့ ပေါင် ၉ သန်းလောက် သက်သာသွားမှာဖြစ်ပြီး ဆေးလ်ဗားကိုခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။ ဆေးလ်ဗားဟာ ၂၀၁၉ တုန်းက ဖရန့်ဖတ်ကနေ အေစီမီလန်ကို အငှားနဲ့လာကစားဖူးတာဖြစ်ပါတယ်။ ဆေးလ်ဗားကိုတော့ ပေါင်သန်း ၃၀ လောက်နဲ့ ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။

Zawgyi Version

ယူနိုက္တက္အသင္းကေတာ့ ကာဗာနီထြက္ခြာျဖစ္ရင္ ဖရန႔္ဖတ္တိုက္စစ္မႉး အန္ဒရီေဆးလ္ဗားကို ေခၚယူဖြယ္ရွိေနပါတယ္။ ေဆးလ္ဗားဟာ ဒီရာသီ ဘြန္ဒက္စ္လီဂါမွာ ေျခစြမ္းျပေနၿပီး ၂၅ ဂိုးအထိ သြင္းယူနိုင္ခဲ့ပါတယ္။ ဘြန္ဒက္စ္လီဂါထိပ္တန္းဂိုးသြင္းရွင္စာရင္းမွာလည္း လီဝန္ေဒါစကီးရဲ႕ေနာက္ ဒုတိယေနရာမွာ ဟာလန္းနဲ႕အတူ ရပ္တည္ေနပါတယ္။

အဆိုပါစြမ္းေဆာင္ရည္ေတြေၾကာင့္ ေဆးလ္ဗားကို ကလပ္အသင္းေတာ္ေတာ္မ်ားမ်ားက စိတ္ဝင္စားေနၿပီး ယူနိုက္တက္ကလည္း ေခၚယူခ်င္ေနပါတယ္။ ဒါေပမဲ့ အဆိုပါအေျပာင္းအေ႐ႊ႕က ကာဗာနီရဲ႕အေျပာင္းအေ႐ႊ႕အေပၚမွာ အမ်ားႀကီး မူတည္ေနပါတယ္။

ကာဗာနီဟာ ေႏြရာသီတုန္းက ပီအက္စ္ဂ်ီကေန အလြတ္နဲ႕ေျပာင္းလာခဲ့တာျဖစ္ၿပီး ယူနိုက္တက္ အတြက္ ေျခစြမ္းျပကာ အေရးပါတဲ့ သြင္းဂိုးမ်ား သြင္းယူနိုင္ခဲ့ပါတယ္။ အသက္ ၃၄ ႏွစ္သားဟာ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး စာခ်ဳပ္သက္တမ္းတိုးဖို႔ ေႏွာင့္ေႏွးေနဆဲ ျဖစ္ပါတယ္။

ယူနိုက္တက္အေနနဲ႕ ကာဗာနီကို ထြက္ခြာခြင့္ျပဳမယ္ဆိုရင္ေတာ့ ေပါင္ ၉ သန္းေလာက္ သက္သာသြားမွာျဖစ္ၿပီး ေဆးလ္ဗားကိုေခၚယူနိုင္ဖြယ္ရွိေနပါတယ္။ ေဆးလ္ဗားဟာ ၂၀၁၉ တုန္းက ဖရန႔္ဖတ္ကေန ေအစီမီလန္ကို အငွားနဲ႕လာကစားဖူးတာျဖစ္ပါတယ္။ ေဆးလ္ဗားကိုေတာ့ ေပါင္သန္း ၃၀ ေလာက္နဲ႕ ေခၚယူနိုင္ဖြယ္ရွိေနပါတယ္။