Spots news

ဟာဇက်အတွက် သင့်တင့်တဲ့ကမ်းလှမ်းမှုကို စောင့်မျှော်နေတဲ့ ရီးရဲလ်မက်ဒရစ်

Unicode Version

ရီးရဲလ်မက်ဒရစ် အသင်းဟာ ပြောင်းရွေ့ကြေး အမြောက်အများ ပေးချေခဲ့ရပေမယ့် အသင်းအတွက် အကျိူးလောက်လောက်လားလား မဖြစ်ခဲ့တဲ့ ‌တိုက်စစ်ကစားသမား ဟာဇက်ကို ရောင်းချတော့မှာ ဖြစ်ပြီး သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ကမ်းလှမ်းမှုကို စောင့်နေမည်ဖြစ်ကြောင်း သိရပါတယ်။

အသက် ၃၀ အရွယ်ရှိ ဘယ်ဂျီယံ လက်ရွေးစင်တိုက်စစ်ကစားသမား ဟာဇက်ဟာ ချဲလ်ဆီးအသင်းမှာ အဓိက ကစားသမားဖြစ်ခဲ့ပြီး ထိပ်တန်း တိုက်စစ်ခြေစွမ်း ပြသနိုင်ခဲ့တာ ကြောင့် ရီးရဲလ်အသင်းသို့ ပြောင်းရွေ့ကြေး ယူရို ၁၁၅ သန်းဖြင့် ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ် ။

‌ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ နေရာကို အစားထိုးဖို့ ရည်ရွယ်ချက်နဲ့ ခေါ်ယူခဲ့တာဖြစ်ပေမယ့် ဟာဇက်ဟာ မက်ဒရစ်မှာ ရုန်းကန်ခဲ့ရပြီး ဒဏ်ရာမကြာခန ရရှိနေသလို ပုံမှန်ခြေစွမ်းပြသ နိုင်ခြင်းမရှိပဲ သွင်းဂိုးနှုန်းလဲ သိသာစွာ ကျဆင်းသွားခဲ့ပါတယ်။

ဟာဇက်က ဒီနှစ်ဘောလုံးရာသီမှာ ပြိုင်ပွဲစုံပွဲပေါင်း (၁၈)ပွဲသာ ပါဝင်ကစားထားခဲ့ရပြီး သွင်းဂိုးလည်း (၃)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ရီးရဲလ် အသင်းနဲ့ ပထမဆုံး ပွဲထွက်ကစားခဲ့ရတဲ့ မနှစ်က ဘောလုံးရာသီမှာဆိုရင်တော့ ဟာဇက်ဟာ သွင်းဂိုး(၁)ဂိုးပဲ သွင်းယူနိုင်ခဲ့တဲ့အထိကို အခြေအနေ ဆိုးရွားခဲ့ရပါတယ်။

စွမ်းဆောင်ရည်ပိုင်းတွေ ကျဆင်းနေရုံသာမကပဲ ပြီးခဲ့တဲ့ရက်ပိုင်းက အသင်းဟောင်းချယ်လ်ဆီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲအပြီးမှာပါ ဗိုလ်လုပွဲကို တတ်လှမ်းသွားခဲ့တဲ့ ချယ်လ်ဆီးအသင်းက သူရဲ့ကစားဖော်ဟောင်းတွေအတူ ရယ်မောပျော်ရွှင်နေခဲ့တာကြောင့် မက်ဒရစ်ပရိတ်သတ်တွေက ဝေဖန်နေကြပါတယ်။

ရီးရဲလ်အနေနဲ့ အသင်းရဲ့ ခြေစွမ်းကျဆင်းမှုကို ပြင်ဆင်ဖို့ ကစားသမားခေါ်ယူမှု စရိတ်ကို ကာမိစေရန် ဟာဇက်ကို ရောင်းချတော့မှာ ဖြစ်ပြီး ပီအက်စ်ဂျီ တိုက်စစ်မှူး ဘာပေကို ခေါ်ယူနိုင်ဖို့ အတွက်လဲ ဟာဇက်ကို ပြောင်းရွေ့ကြေး တစိတ်တပိုင်းဖြစ် အသုံးပြုလာနိုင်ပါတယ်။