Spots news

ဘာပေကို လက်လွတ်ရဖွယ်ရှိလို့ ဟယ်ရီကိန်းနဲ့ အစားထိုးချင်နေတဲ့ ပီအက်စ်ဂျီ

Unicode Version

ဗြိတိန်နာမည်ကြီး သတင်းစာတစ်စောင်ဖြစ်တဲ့ Mirror သတင်းစာကနေ ဖော်ပြလာချက်များအရ ပီအက်စ်ဂျီအသင်းအနေနဲ့ လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း သူတို့ရဲ့ကြယ်ပွင့်ကစားသမားတစ်ယောက်ဖြစ်တဲ့

ပြင်သစ်တိုက်စစ်မှူးလေး ကီလီယန်အမ်ဘာပေကို အသင်းကနေ လက်လွတ်ဆုံးရှုံးရမယ်ဆိုရင် စပါးအသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းနဲ့ ပြန်လည်အစားထိုးသွားမယ်လို့ သိရှိရပါတယ်။

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမားဘာပေဟာ လာမယ့်၂၀၂၂ခုနှစ်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်သလို လက်ရှိအချိန်ထိလည်း အသင်းဘက်ကနေ ကမ်းလှမ်းထားတဲ့ သက်တမ်းတိုးကမ်းလှမ်းမှုအပေါ် ဘာမှတုံ့ပြန်ခြင်း မရှိသေးတာဖြစ်ပါတယ်။

ဒီလိုအခြေအနေရှိနေတဲ့ ဘာပေကို ရီးရဲလ်မက်ဒရစ် လီဗာပူးလ်အသင်းတို့ကနေ အပြိုင်ပစ်မှတ်ထားနေကြပြီး တကယ်လို့သာ လာမယ့်နွေစျေးကွက်အတွင်း ဘာပေကို လက်လွတ်လိုက်ရမယ်ဆိုရင်

သူရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် စပါးအသင်းရဲ့တိုက်စစ်မှူး ဟာရီကိန်းကို ပြန်လည်ခေါ်ယူနိုင်တယ်လို့ Mirror ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟာရီကိန်းဟာ ၂၀၂၄ခုနှစ်အထိ စပါးအသင်းနဲ့ စာချုပ်သက်တမ်း ရှိနေသေးသူဖြစ်ပေမယ့်လည်း

သူရဲ့တစ်ပတ်လုပ်က ပေါင်(၂)သိန်းသာ ရရှိနေတဲ့အပေါ် ကိန်းကိုယ်တိုင် စိတ်ပျက်နေတာကြောင့် လစာများများ ပေးချေနိုင်မယ့် ကလပ်အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ချင်နေပါတယ်။

ဟာရီကိန်းကို မန်ချက်စတာအခြေစိုက် ကလပ်အသင်း(၂)သင်းဖြစ်တဲ့ မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကနေလည်း အပြိုင်စိတ်ဝင်စားလျက်ရှိနေပြီး လာမယ့်နွေမှာ ဆာဂျီယိုအဂွဲရိုးကို လက်လွတ်ရဖွယ် ရှိလို့နေတဲ့ မန်စီးတီးက အဂွဲရိုးရဲ့နေရာအတွက် ဟာရီကိန်းကို အလိုရှိနေတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဟာရီကိန်းကို မန်ချက်စတာအသင်း(၂)သင်းနဲ့အပြိုင် ပီအက်စ်ဂျီအသင်းကပါ ထပ်မံပစ်မှတ်ထားလာခဲ့ပြီး ပီအက်စ်ဂျီနည်းပြ မာရီစီယိုပိုချက်တီနိုအနေနဲ့ကလည်း သူရဲ့တပည့်ဟောင်း ကိန်းကို အသင်းဆီ အရခေါ်ယူချင်နေပါတယ်။

Zawgyi Version

ၿဗိတိန္နာမည္ႀကီး သတင္းစာတစ္ေစာင္ျဖစ္တဲ့ Mirror သတင္းစာကေန ေဖာ္ျပလာခ်က္မ်ားအရ ပီအက္စ္ဂ်ီအသင္းအေနနဲ႕ လာမယ့္ေႏြရာသီ အေျပာင္းအေ႐ႊ႕ေစ်းကြက္အတြင္း သူတို႔ရဲ႕ၾကယ္ပြင့္ကစားသမားတစ္ေယာက္ျဖစ္တဲ့

ျပင္သစ္တိုက္စစ္မႉးေလး ကီလီယန္အမ္ဘာေပကို အသင္းကေန လက္လြတ္ဆုံးရႈံးရမယ္ဆိုရင္ စပါးအသင္းရဲ႕ အဂၤလန္တိုက္စစ္မႉး ဟာရီကိန္းနဲ႕ ျပန္လည္အစားထိုးသြားမယ္လို႔ သိရွိရပါတယ္။

အသက္(၂၂)ႏွစ္အ႐ႊယ္ရွိ ျပင္သစ္လက္ေ႐ြးစင္ တိုက္စစ္ကစားသမားဘာေပဟာ လာမယ့္၂၀၂၂ခုႏွစ္မွာ ပီအက္စ္ဂ်ီအသင္းနဲ႕ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္သလို လက္ရွိအခ်ိန္ထိလည္း အသင္းဘက္ကေန ကမ္းလွမ္းထားတဲ့ သက္တမ္းတိုးကမ္းလွမ္းမႈအေပၚ ဘာမွတုံ႕ျပန္ျခင္း မရွိေသးတာျဖစ္ပါတယ္။

ဒီလိုအေျခအေနရွိေနတဲ့ ဘာေပကို ရီးရဲလ္မက္ဒရစ္ လီဗာပူးလ္အသင္းတို႔ကေန အၿပိဳင္ပစ္မွတ္ထားေနၾကၿပီး တကယ္လို႔သာ လာမယ့္ေႏြေစ်းကြက္အတြင္း ဘာေပကို လက္လြတ္လိုက္ရမယ္ဆိုရင္

သူရဲ႕ေနရာမွာ ျပန္လည္အစားထိုးသြားဖို႔အတြက္ စပါးအသင္းရဲ႕တိုက္စစ္မႉး ဟာရီကိန္းကို ျပန္လည္ေခၚယူနိုင္တယ္လို႔ Mirror ကေန ေဖာ္ျပလာခဲ့ပါတယ္။

အသက္(၂၇)ႏွစ္အ႐ႊယ္ရွိ အဂၤလန္လက္ေ႐ြးစင္ တိုက္စစ္ကစားသမား ဟာရီကိန္းဟာ ၂၀၂၄ခုႏွစ္အထိ စပါးအသင္းနဲ႕ စာခ်ဳပ္သက္တမ္း ရွိေနေသးသူျဖစ္ေပမယ့္လည္း

သူရဲ႕တစ္ပတ္လုပ္က ေပါင္(၂)သိန္းသာ ရရွိေနတဲ့အေပၚ ကိန္းကိုယ္တိုင္ စိတ္ပ်က္ေနတာေၾကာင့္ လစာမ်ားမ်ား ေပးေခ်နိဳင္မယ့္ ကလပ္အသင္းတစ္သင္းဆီကို ေျပာင္းေ႐ႊ႕ခ်င္ေနပါတယ္။

ဟာရီကိန္းကို မန္ခ်က္စတာအေျခစိုက္ ကလပ္အသင္း(၂)သင္းျဖစ္တဲ့ မန္စီးတီးနဲ႕ မန္ခ်က္စတာယူနိုက္တက္အသင္းတို႔ကေနလည္း အၿပိဳင္စိတ္ဝင္စားလ်က္ရွိေနၿပီး လာမယ့္ေႏြမွာ ဆာဂ်ီယိုအဂြဲရိုးကို လက္လြတ္ရဖြယ္ ရွိလို႔ေနတဲ့ မန္စီးတီးက အဂြဲရိုးရဲ႕ေနရာအတြက္ ဟာရီကိန္းကို အလိုရွိေနတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ဟာရီကိန္းကို မန္ခ်က္စတာအသင္း(၂)သင္းနဲ႕အၿပိဳင္ ပီအက္စ္ဂ်ီအသင္းကပါ ထပ္မံပစ္မွတ္ထားလာခဲ့ၿပီး ပီအက္စ္ဂ်ီနည္းျပ မာရီစီယိုပိုခ်က္တီနိုအေနနဲ႕ကလည္း သူရဲ႕တပည့္ေဟာင္း ကိန္းကို အသင္းဆီ အရေခၚယူခ်င္ေနပါတယ္။