Spots news

နည်းပြဇီဒန်းအတွက် ခေါင်းခဲစရာဖြစ်နေတဲ့ ရီးရဲလ်ရဲ့ ဒဏ်ရာပြသနာများ

Unicode Version

ရီးရဲလ်မက်ဒရစ်ဟာ တနင်္ဂနွေနေ့မှာကစားမည့် ဆီဗီလာနှင့်ပွဲအတွက် ပြင်ဆင်နေတာဖြစ်ပြီး သူတို့အသင်း အတွက် အရေးကြီးတဲ့ လာလီဂါပွဲစဉ်လည်းဖြစ်ပါတယ်။ အဲ့ဒီပွဲစဉ်မတိုင်ခင် ဒဏ်ရာပြဿနာတွေရှိနေတဲ့ ဇီဒန်းရဲ့ အသင်းအတွက် နောက်ထပ်ခေါင်းကိုက်စရာ ဒဏ်ရာပြဿနာနှစ်ခုက ရှိလာခဲ့ပါတယ်။

လက်ရှိအမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာရပ်တည်နေတဲ့ ရီးရဲလ်မက်ဒရစ်ဟာ တတိယနေရာက ဘာစီလိုနာနှင့် ရမှတ်တူညီနေတာဖြစ်ပြီး အဆင့် ၄နေရာက လိုပတ်တီဂူရဲ့ ဆီဗီလာနှင့် ရင်ဆိုင်ရမှာလည်းဖြစ်ပြီး စနေနေ့မှာတော့ ဘာစီလိုနာဟာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အက်သလက်တီကိုမက်ဒရစ်နှင့်ရင်ဆိုင်ကစားမှာဖြစ်ပါတယ်

ကံမကောင်းတာကတော့ ဆီဗီလာနှင့်ကစားမည့်ပွဲမှာ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိကစားသမားနှစ်ဦးဖြစ်တဲ့ ရာမို့စ်နှင့် မန်ဒီတို့ကတော့ ပါဝင်နိုင်မှာမဟုတ်ပါဘူး။ သူတို့နှစ်ဦးဟာ ချဲလ်ဆီးအား ၂-ဝဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ပါဝင်ခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိနေတဲ့အတွက် ဆီဗီလာနှင့်ပွဲမှာတော့ ပါဝင်နိုင်မှာမဟုတ်ပါဘူး။

၂၀၂၁ခုနှစ်မှာ ရီးရဲလ်အသင်းခေါင်းဆောင်ဟာ ကြံ့ခိုင်မှုပိုင်းမှာ ရုန်းကန်နေရတာကြောင့် ရာမို့စ်အတွက် ဒဏ်ရာရရှိ တာက အသစ်တော့မဟုတ်ပါဘူး။ စတန်းဖို့ဘရစ်ချ်ကနေ ပြန်လာပြီးကတည်းက တံကောက်ကြောမှာဒဏ်ရာရရှိ နေတဲ့အတွက် စပိန်နိုင်ငံသားဟာ ကုသမှုခံယူ နေရတာဖြစ်ပါတယ်။

“ ရာမို့စ်ရဲ့ဒဏ်ရာကို ရီးရဲလ်ဆေးအဖွဲ့က စမ်းသပ်ပြီးနောက်မှာတော့ ဘယ်ဘက်တံကောက်ကြောရှိ ကြွက်သားမှာ ဒဏ်ရာရရှိနေတာဖြစ်ပါတယ် ” လို့ အသင်းက တရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။

မန်ဒီမပါဝင်နိုင်တာကတော့ ရီးရဲလ်အတွက် ထိုးနှက်ချက်တစ်ခုဖြစ်ပြီး စပိန်အသင်းကြီးတော့ လက်ရှိမှာလည်း ဗာရာနီ၊ ကာဗာဂျယ်တို့ကိုလည်း လက်လွှတ်ထားရတာဖြစ်တဲ့အတွက် ဇီဒန်းအဖို့ ဆီဗီလာနှင့်ကစားမည့်ပွဲမှာ အသင်းရဲ့အဓိက ကစားသမား ၄ဦးမပါဝင်ဘဲ ကစားရတော့မှာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ပွဲကိုသာ အနိုင်မရရှိခဲ့ဘူးဆိုရင် ရီးရဲလ်ရဲ့ ဆုဖလားအတွက် တွန်းအားပေးနေမှုက အဆုံးသတ်သွားမှာ ဖြစ်ကာ ၅မှတ်လျော့ပြီး အဆင့် ၃သို့ ရောက်ရှိသွားနိုင်ပါတယ်။ အဲ့ဒါကတော့ ဘာစီလိုနာနှင့် အက်သလက်တီကို မက်ဒရစ်တို့ရဲ့ပွဲအပေါ်မှာလည်း မူတည်နေပါတယ်။