Spots news

နောက်‌ကနေလိုက်ပြီး နိုင်ပွဲရယူခဲ့ပြန်တဲ့ Comeback ဘုရင် မန်ချက်စတာယူနိုက်တက်

Unicode Version

ယနေ့ညမှာ ယှဉ်ပြိုင်ခဲ့တဲ့ အက်စတွန်ဗီလာ နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ ပွဲစဉ်ဟာတော့ 1-3 ဆိုတဲ့ ရလဒ်နဲ့ ပွဲသိမ်းခရာ မှုတ်ခဲ့ရပါတယ်။
ဦးဆောင်ဂိုးကို ဗီလာဘက်က စတင်သွင်းယူခဲ့ပေမယ့် ပွဲမပြီးခင် မန်ယူရှုံးပြီ ပြောမရဘူးဆိုတဲ့ အတိုင်း ဒုတိယပိုင်းမှာ 3 ဂိုးသွင်းကာ အနိုင်ယူပြခဲ့ပါတယ်။

ဂရင်းဝုဒ် ရဲ့ လက်ထိဘောကို VAR ပြန်မကြည့်ခဲ့တာကြောင့် ဗီလာအတွက် နစ်နာစရာ ဖြစ်ခဲ့ရပြီး ယူနိုက်တက် ကတော့ ထုံးစံမပျက် ပင်နယ်တီ သွင်းဂိုး ပါဝင်လာခဲ့ပါတယ်။ ထိုပင်နယ်တီကိုလဲ ဘရူနို ဖာနန်ဒက်စ် က အမှားအယွင်းမရှိ ကန်သွင်းယူ နိုင်ခဲ့ပါတယ်။

ရက်ခြားကန်ရမယ့် ပွဲကြပ်တွေကြောင့် အဓိက ကစားသမားအချို့ကို ချန်ထားမယ် ထင်ခဲ့ပေမယ့် ကာဗာနီ ပွဲထွက်လူစာရင်းမှာ မပါဝင်ခဲ့တာက လွဲရင် မန်ချက်စတာ ယူနိုက်တက်က လူစုံထုတ်လာခဲ့ပါတယ်။

ဗီလာအတွက် အဖွင့်ဂိုးကို ထရာအိုရေးက လင်ဒီလော့ရဲ့ ဖျက်ထုတ်ပုံ မသေသပ်မှုမှ တဆင့် လှပစွာ သွင်းယူသွားခဲ့ပါတယ်။ ပထမပိုင်း တစ်ပိုင်းလုံးကို ယူနိုက်တက်အနေနဲ့ အခွင့် အရေးမယ်မယ်ရရ ဖန်တီးနိုင်ခြင်းမရှိပဲ ကာဗာနီမပါတဲ့ ယူနိုက်တက် တိုက်စစ်က အသက်မဲ့ လွန်းလှပါတယ်

ယူနိုက်တက်အတွက် ချေပဂိုးကိုတော့ ပေါ့ဘာကြောင့်ရရှိခဲ့တဲ့ ပင်နယ်တီမှတဆင့် 52 မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်က သွင်းယူနိုင်ခဲ့ပါတယ်။ဒုတိယဂိုးကတော့ သိပ်မကြာခင်မှာပဲ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်က ဂိုးသမားရဲ့ ဘယ်ထောင့်ကို အပြင်းကန်သွင်းယူပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။

65 မိနစ်မှာ ဂရင်းဝုဒ် နဲ့ ကာဗာနီကို လူစားလဲခဲ့ပြီး ယူနိုက်တက်ရဲ့ တိုက်စစ်ကစားပုံ ပိုမိုကောင်းမွန်လာခဲ့သလို ကာဗာနီဟာ တိုက်စစ်သာမက ခံစစ်အထိ လိုက်ပါပြီး ဗီလာရဲ့ အပိုင်အခွင့်အရေး တချို့ကို ကာကွယ်ပေးသွားခဲ့ပါတယ်။ ယူနိုက်တက်နဲ့ အနေနဲ့ ကာဗာနီက်ု တစ်နှစ်သက်တန်းတိုးဖို့ ကြိုးစားသင့်ပါသေးတယ်။

87 မိနစ်မှာပဲ မားကပ်ရပ်ဖို့ဒ်ရဲ့ မတင်ပေးမှုကို ကာဗာနီက နေရာယူမှန်ကန်စွာနဲ့ ခေါင်းတိုက်သွင်းယူခဲ့ပြီး ယူနိုက်တက်ကို အနိုင်သေချာစေခဲ့ပါတယ်။ ဒီဂိုးကြောင့် ကာဗာနီ အနေနဲ့ ယူနိုက်တက်ရဲ့ တစ်ရာသီအသွင်း လူစားဝင်ကစားသမားမှ သင်းယူပေးသည့် သွင်းဂိုး ( 5 ဂိုး ) စံချိန်ကို လိုက်မှီသွားခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် မန်ချက်စတာ ယူနိုက်တက် ဟာလဲ အဝေးကွင်းရှုံးပွဲ မရှိစံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပြီး တတိယနေရာမှ ချဲလ်ဆီးကို တစ်ပွဲလျော့ အနေအထားနဲ့ ခြောက်မှတ် ဖြတ်ထားနိုင်ခဲ့ပြီး ဥရောပဝင်ခွင့် အတွက် သေချာလျက်ရှိနေပါတယ်။