Spots news

ယူရိုပါလိဂ်ဗိုလ်လုပွဲ လွဲမယ့်အရေး ကြုံတွေ့နေရတဲ့ ဟယ်ရီ မက်ဂွိုင်းယား

Unicode Version

ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်စတွန်ဗီလာ နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက် နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယား ကတော့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပွဲကြပ်ကာလမှာ ရက်အနည်းငယ် အနားယူရမယ့် အခြေအနေ ကြုံတွေ့နေရပါတယ်။

ဟယ်ရီ မက်ဂွိုင်းယားဟာ ဒုတိယပိုင်းမှာ အက်စတွန်ဗီလာ တောင်ပံကစားသမား အန်ဝါအယ်ဂါဇီနဲ့ မတော်တဆ ထိခိုက်မိတာကြောင့် ဘယ်ဘက်ခြေထောက် ဒဏ်ရာ ရရှိခဲ့တာပဲဖြစ်ပါတယ်။ ထိုဒဏ်ရာကြောင့် ပွဲကို ဆက်လက် ကစားနိုင်ခြင်းမရှိပဲ ဘိုင်လီနဲ့ လူစားလဲခဲ့ရပါတယ်။

သူ့ရဲ့ ဒဏ်ရာကို လာမယ့် ၄၈ နာရီအတွင်းမှာ စကင်ဖတ်စစ်ဆေးမှုတွေ ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ တကယ့်လို့ ဒဏ်ရာဟာ ဆိုးရွားတဲ့ အခြေအနေ ဖြစ်ခဲ့မယ်ဆိုရင် ဗီလာရီးရဲလ်နဲ့ ရင်ဆိုင်ရမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ပါဝင်ဖို့ မသေချာဖြစ်သွားနိုင် ပါတယ်။

နည်းပြဆိုးလ်ရှားက “သူ့ရဲ့ ဒဏ်ရာက အရမ်းမဆိုးဖို့ဘဲ မျှော်လင့်ပါတယ်။ စကင်ဖတ်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ရပါမယ်။ မက်ဂွိုင်းယားဟာ ကြံ့ခိုင်တဲ့ သူတစ်ယောက် ဖြစ်ပေမယ့် လက်ရှိ ဒဏ်ရာအတွက်တော့ သေသေချာချာ ဘာမှကို ပြောလို့ မရသေးပါဘူး”လို့ ပြောဆိုထားပါတယ်။

မက်ဂွိုင်းယားကတော့ ” ကျွန်တော်တို့ အရေးပါတဲ့နိုင်ပွဲကို ရရှိခဲ့ပါတယ်။ ကျွန်တော့်ဒဏ်ရာ အရမ်းကြီး မပြင်းထန်ဖို့မျှော်လင့်ပါတယ်။ မကြာခင် ကျွန်တော်ပြန်ကစားနိုင်မှာပါ။ အားလုံး ရဲ့အားပေးစကား များအတွက် ကျေးဇူးတင်ရှိပါတယ်။ “ဆိုပြီး ပြောထားပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လတ်စတာစီးတီး ၊ လီဗာပူး အသင်းတို့နဲ့ ပရီးမီးယားလိဂ် ပွဲကြပ်များ ဆက်တိုက် ရင်ဆိုင်ကစားရမှာ ဖြစ်ပြီး နည်းပြဆိုးလ်ရှားကတော့ ယူရိုပါလိဂ် ဖိုင်နယ်အမှီ မက်ဂွိုင်းယားရဲ့ အခြေ အနေတိုးတက်မှု ရှိလာဖို့ မျှော်လင့်နေပါတယ်။

Zawgyi Version

ယမန္ေန႕ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အက္စတြန္ဗီလာ နဲ႕ မန္ခ်က္စတာ ယူနိုက္တက္တို႔ရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ယူနိုက္တက္ ေနာက္ခံလူ ဟယ္ရီမက္ဂြိုင္းယား ကေတာ့ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ပြဲၾကပ္ကာလမွာ ရက္အနည္းငယ္ အနားယူရမယ့္ အေျခအေန ႀကဳံေတြ႕ေနရပါတယ္။

ဟယ္ရီ မက္ဂြိုင္းယားဟာ ဒုတိယပိုင္းမွာ အက္စတြန္ဗီလာေတာင္ပံကစားသမား အန္ဝါအယ္ဂါဇီနဲ႕ မေတာ္တဆ ထိခိုက္မိတာေၾကာင့္ ဘယ္ဘက္ေျခေထာက္ ဒဏ္ရာ ရရွိခဲ့တာပဲျဖစ္ပါတယ္။ ထိုဒဏ္ရာေၾကာင့္ ပြဲကို ဆက္လက္ကစားနိုင္ျခင္းမရွိပဲ ဘိုင္လီနဲ႕ လူစားလဲခဲ့ရပါတယ္။

သူ႕ရဲ႕ ဒဏ္ရာကို လာမယ့္ ၄၈ နာရီအတြင္းမွာ စကင္ဖတ္စစ္ေဆးမႈေတြ ျပဳလုပ္သြားမွာပဲျဖစ္ပါတယ္။ တကယ့္လို႔ ဒဏ္ရာဟာ ဆိုး႐ြားတဲ့ အေျခအေနျဖစ္ခဲ့မယ္ဆိုရင္ ဗီလာရီးရဲလ္နဲ႕ ရင္ဆိုင္ရမယ့္ ယူရိုပါလိဂ္ ဗိုလ္လုပြဲမွာ ပါဝင္ဖို႔ မေသခ်ာျဖစ္သြားနိုင္ ပါတယ္။

နည္းျပဆိုးလ္ရွားက “သူ႕ရဲ႕ ဒဏ္ရာက အရမ္းမဆိုးဖို႔ဘဲ ေမွ်ာ္လင့္ပါတယ္။ စကင္ဖတ္ၿပီး စစ္ေဆးမႈေတြ ျပဳလုပ္ရပါမယ္။ မက္ဂြိုင္းယားဟာ ႀကံ့ခိုင္တဲ့ သူတစ္ေယာက္ျဖစ္ေပမယ့္ လက္ရွိ ဒဏ္ရာအတြက္ေတာ့ ေသေသခ်ာခ်ာ ဘာမွကို ေျပာလို႔ မရေသးပါဘူး”လို႔ ေျပာဆိုထားပါတယ္။

မက္ဂြိုင္းယားကေတာ့ ” ကြၽန္ေတာ္တို႔ အေရးပါတဲ့နိုင္ပြဲကို ရရွိခဲ့ပါတယ္။ ကြၽန္ေတာ့္ဒဏ္ရာ အရမ္းႀကီးမျပင္းထန္ဖို႔ေမွ်ာ္လင့္ပါတယ္။ မၾကာခင္ ကြၽန္ေတာ္ျပန္ကစားနိုင္မွာပါ။ အားလုံး ရဲ႕အားေပးစကား မ်ားအတြက္ေက်းဇူးတင္ရွိပါတယ္။ “ဆိုၿပီး ေျပာထားပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ လတ္စတာစီးတီး ၊ လီဗာပူး အသင္းတို႔နဲ႕ ပရီးမီးယားလိဂ္ ပြဲၾကပ္မ်ား ဆက္တိုက္ ရင္ဆိုင္ကစားရမွာ ျဖစ္ၿပီး နည္းျပဆိုးလ္ရွားကေတာ့ ယူရိုပါလိဂ္ ဖိုင္နယ္အမွီ မက္ဂြိုင္းယားရဲ႕ အေျခ အေနတိုးတက္မႈ ရွိလာဖို႔ ေမွ်ာ္လင့္ေနပါတယ္။