ချယ်စီးနည်းပြဖြစ်သူ ဖရန့်လမ်းပတ်ဟာ အဆင့် ၁၅ မှာရှိနေတဲ့ အာဆင်နယ်နီးပြ အာတီထာထက် ပိုမိုဖိအားများနေကြောင်း ချယ်စီးကစားသမားဟောင်း တိုနီကတ်စကာရီနို ကပြောကြားလိုက်ပါတယ်။
ချယ်စီးအသင်းဟာ ပြီးခဲ့တဲ့အပြောင်းအရွေ့ကာလမှာ ပေါင်သန်း 220 ခန့်အသုံးပြုပြီး အသင်းကိုပြန်လည်မွန်းမံကာ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်ဖို့ ပြန်လည်ပြင်ဆင်လာတာပါ။
ဇီးယက်၊ တီမိုဝါနာ ၊ ဟားဗက် ၊ ဘန်ချေဝဲလ် တို့အပြင် စံချိန်တင်ပြောင်းရွေ့ကြေး ယူရိုသန်း 80 ခန့်ပေးခဲ့ရတဲ့ ဂိုးသမားကီပါ ကိုအားရကျေနပ်မှုမရှိတာမို့
လူငယ်ဂိုးသမား မန်ဒီကိုပါခေါ်ယူပြီး 2020/21 ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်ပြင်ဆင်လာတာပါ။
ရာသီအစောပိုင်းက ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များအပါအဝင် ချယ်စီးအသင်းရဲ့ 17 ပွဲဆက်ရှုံးပွဲမရှိစံချိန်အတွက် လမ်းပတ်ဟာ ကျယ်ကျယ်ပြန့်ပြန့်ချီးမွန်းခံခဲ့ရပြီး
ကစားသမားဟောင်းလမ်းပတ်အနေနဲ့ အသင်းကိုအောင်မြင်အောင် စွမ်းဆောင်ပေးနိုင်လိမ့်မည်ဟု ထင်ကြေးပေးခံခဲ့ရတာပါ။
သို့သော် အဲဗာတန်အသင်းကို 1-0 ဆိုသည့်ရလဒ်နဲ့ ရှုံးခဲ့ပြီးနော် ချယ်စီးအသင်းရဲ့စံချိန်ကျိုးပျက်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ရှုံးပွဲများစတင်ကြုံတွေ့ခဲ့လာပါတယ်။
ဆက်တိုက်ဆိုသလို ဝုဗ် ၊ အာဆင်နယ်တို့ကိုပါ မမျှော်လင့်ပဲဆက်တိုက်ရှုံးနိမ့်ပြီးနောက် ချယ်စီးအသင်းရဲ့ ချန်ပီယံဆုကိုစိန်ခေါ်မယ့်ခြေစွမ်းကို မေးခွန်းထုတ်စရာဖြစ်လာခဲ့တာပါ။
“ နည်းပြလမ်းပတ်အတွက် တကယ်ပြသနာတက်နေပါပြီ။အာဆင်နယ်အသင်းနည်းပြ အာတီတာက ဖိအားတွေရင်ဆိုင်နေရတယ်လို့ လူတွေပြောနေကြတာကို ကျွန်တော်သဘောမတူဘူးဗျ။
ကျွန်တော့်အမြင်တော့ လမ်းပတ်က ဖိအား နည်းနည်း ဒါမှမဟုတ် အများကြီးကို ပိုရင်ဆိုင်နေရတယ်ထင်ပါတယ်” ဆိုပြီးပြောကြားခဲ့ပါတယ်။
ဆက်လက်၍ “ အသင်းရဲ့ သမိုင်းကိုပြန်စဉ်းစားကြည့် အသင်းပိုင်ရှင်အနေနဲ့ အသင်းကို ဘယ်လိုရင်းနှီးခဲ့သလဲဆိုတာ ခင်များမြင်မှာပါ။ အသင်းအတွက် ပေါင်သန်း 220 ကျော်ရင်းနှီးပြီးတော့ ဝေဖန်မှုတွေခံနေရတယ်။
ပိုင်ရှင်အနေနဲ့ နည်းပြအဖွဲ့တောင်းဆိုသလို ဂျာမနီလူငယ်ကစားသမား ဟားဗက်ကို ဝယ်ပေးခဲ့တယ်။ အသင်းရဲ့အဓိကလူစာရင်းမှာတောင် သူဝင်အောင် ခြေစွမ်းမပြနိုင်ဘူး။
တီမိုဝါနာရော အခြေအနေဘယ်လိုရှိလဲ။ ငွေအမြောက်အများရင်းနှီးခဲ့ပေမယ့် များများစားစားပြန်မရခဲ့ဘူး “
“လက်ရှိအချိန်မှာ ချဲလ်စီးနည်းပြက အာဆင်နယ်နီးပြထက် နည်းပြနေရာထိုင်ခုံအတွက် စိုးရိမ်နေရပါတယ်။
လမ်းပတ်အနေနဲ့ ပေါင်သန်း 220 တန်ကစားသမားသစ်တွေရဲ့ စိန်ခေါ်မှုကိုရင်ဆိုင်နေရတာပါ ”