Spots news

မက်ဆီကိုဆက်ထိန်းထားဖို့ အဂူရိုကိုခေါ်ယူပေးမယ့် ဘာစီလိုနာ

Unicode Version

ဘာစီလိုနာဟာ အဂူရိုကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အတွက် အဂူရိုရဲ့ အေးဂျင့် အဖွဲ့နဲ့ ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ကာ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

အသက် ၃၂နှစ်အရွယ် အာဂျင်တီးနား လက်ရွေးစင် အဂူရိုဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကာလရှည် ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမယ့်

ကစားသမား တစ်ဦး ဖြစ်တာကြောင့် သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ ပြောင်းရွှေ့ကြေး ပေးချေစရာ မလိုဘဲ ခေါ်ယူခွင့်ရမှာ ဖြစ်ပါတယ်။

အဂူရိုဟာ လာလီဂါ အတွေ့အကြုံရင့် တိုက်စစ်မှူးတစ်ဦး ဖြစ်ကာ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကစားသမား ဖြစ်ကြောင်း

ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပြီး ဘာစီလိုနာ အသင်းရဲ့ ပရိသတ်တွေကလည်း အဂူရိုကို ကြိုဆိုကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသား ထားကြပါတယ်။

လက်ရှိမှာ အဂူရိုကို ခေါ်ယူဖို့ အတွက် စီးရီးအေကလပ် ဂျူဗင်တပ်စ် ၊ ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီး ၊ ပြင်သစ်ကလပ် ပီအက်စ်ဂျီ တို့က ဘာစီလိုနာ နဲ့ အပြိုင် စိတ်ဝင်စား နေကြပါတယ်။

ဒါပေမယ့် အဂူရိုကတော့ သူ့ရဲ့ နိုင်ငံ လက်ရွေးစင် အသင်းဖော် မက်ဆီရှိတဲ့ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ ပိုမို စိတ်အားထက်သန် နေကြောင်း နီးစပ်သူတွေက ပြောဆိုပါတယ်။

ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲ ပြဿနာရှိနေတဲ့ ဘာစီလိုနာဟာ အဂူရိုကို အလွတ် ခေါ်ယူနိုင်မယ် ဆိုရင် မက်ဆီကိုအသင်းမှာ ဆက်နေဖို့အတွက်လည်း စည်းရုံးနိုင်မှု တစ်ခုဖြစ်မယ်လို့ ယူဆနေပါတယ်။

တစ်ချက်ခုတ် နှစ်ချက်ပြတ် အနေအထားကြောင့် တခြားအသင်းတွေထက် ဘာကာဘက်က လက်ဦးမှု ရယူချင်နေတာပါ။

မန်စီးတီးအတွက် ပြိုင်ပွဲစုံ ၃၈၇ ပွဲကစားပေးပြီး ၂၅၈ ဂိုးအထိ သွင်းယူကာ ကလပ်သမိုင်းမှာ ဂိုးအများဆုံး သွင်းယူထားသူအဖြစ် စံချိန်တင်ထားတဲ့ အဂူရိုဟာ အီတီဟတ်မှာ ၁၀ နှစ်ကြာကစားပေးထားတာဖြစ်ပါတယ်။