Spots news

သွေးသစ်လောင်းဖို့ ဘယ်လာရင်ကို ၃၅ သန်းဖြင့် ရောင်းချတော့မယ့် အာဆင်နယ်

Unicode Version

အာဆင်နယ် အသင်းဟာ နွေရာသီမှာ အသင်းရှင်းလင်းရေး ပြုလုပ်စဉ် ညာနောက်ခံလူ ဘယ်လာရင်ကို ပေါင် ၃၅သန်းနဲ ရောင်းချနိုင်ကြောင်း သိရပါတယ်။

ဂန်းနားတွေဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကနေ ထွက်ခဲ့ရ ပြီးနောက် ဥရောပဝင်ခွင့် ဆုံးရှုံးသွားပြီး အခြေအနေ ဆိုးသွားခဲ့ပါတယ်။

ဒါကြောင့် ၁၉၉၅နောက်ပိုင်း အဆိုးရွားဆုံး ပရီးမီးယားလိဂ်ရာသီ ကြုံတွေ့သွားခဲ့ပြီး အဆင့် ၉နေရာမှာသာ ရပ်တည် နေခဲ့ပါတယ်။

ဘယ်လာရင်ဟာ ၁၀နှစ်ကြာ ကစားလာခဲ့တဲ့ အာဆင်နယ်ကနေ ထွက်ခွာလိုနေပြီး စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင် လိုနေပါတယ်။

ပီအက်စ်ဂျီနဲ့ အေစီမီလန်တို့ဟာ လက်ရှိမှာ ချမ်ဘာစ်ရဲ့ နောက်မှာသာ ကစားနေရတဲ့ ၂၆နှစ်သားကို စိတ်ဝင်စား နေကြပါတယ်။

အာဆင်နယ်မှာ ၂၃၈ ပွဲ ကစားထားပြီး အက်ဖ်အေဖလား ၃လုံး ရထားတဲ့ ဘယ်လာရင်ဟာ အသင်းနဲ့ ၂နှစ်စာချုပ် ကျန်နေပါသေးတယ်။

ယခုနှစ် နွေရာသီ အာဆင်နယ်ကနေ ထွက်ခွာနိုင်တဲ့ နောက်ထပ် ကစားသမား တစ်ဦးကတော့ ကွင်းလယ်လူ ဂွမ်ဒိုဇီ ဖြစ်ပါတယ်။ အာဆင်နယ်ကို နွေရာသီအတွင်း ရောက်ရှိလာနိုင်တဲ့ ကစားသမားကတော့ ဂလာဘတ် ကွင်းလယ်လူ ဇာကာရီယာပါ။

90mins ရဲ့ အဆိုအရ ဂန်းနား တွေဟာ ဆွစ်ဇာလန်သားကို ၂နှစ်ကြာ စောင့်ကြည့်ခဲ့ပြီး နွေရာသီမှာ ခေါ်ယူရေး ကြိုးစားလာ နိုင်ကြောင်း သိရပါတယ်။

ဇာကာရီယာဟာ ဂလာဘတ်နဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲ ရောက်လာပြီ ဖြစ်တာကြောင့် လျေ့ာဈေးနဲ့ ရနိုင်ဖို့ မျှော်လင့်ထားပါတယ်။