Celebrity

ကမ္ဘာ့အချောမောဆုံး အမျိုးသားအဖြစ် နံပါတ် (၁၀) မှာ ဖော်ပြခံခဲ့ရတဲ့ ပိုင်တံခွန်

မင်းသားချော ပိုင်တံခွန်ကတော့ ရှည်လျားတဲ့အရပ်အမောင်း၊ ယောကျာ်းဆန်ပြီး အနေအထိုင်တည်ကြည်လွန်းတာမို့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ ပြည်တွင်းက ပရိသတ်တွေရဲ့ အားပေးခြင်းကိုသာမကပဲ ထိုင်း၊ ကမ္ဘောဒီးယား၊ ဂျပန်၊ လာအိုစတဲ့ အိမ်နီးချင်း အာရှနိုင်ငံတွေဆီမှာပါ အားပေးသူ ပရိသတ် အများအပြားကို ရရှိပိုင်ဆိုင်ထားပြီး

ပြည်ပနိုင်ငံတွေအထိ ထိုးဖောက်အောင်မြင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကမ္ဘာကသိတဲ့ မြန်မာမင်းသားအဖြစ် နိုင်ငံ့ဂုဏ်ကို ထမ်းဆောင်နိုင်ခဲ့တဲ့ ပိုင်တံခွန်က ဒီတစ်ခါမှာလည်း

မြန်မာပရိသတ်တွေ ဂုဏ်ယူစရာအကြောင်းအရာတစ်ခုကို သယ်ဆောင်လာပြန်ပါပြီ။

အဲ့ဒါကတော့ ပိုင်တံခွန်က TC Candler ရဲ့ The Most Handsome Face Of 2020 မှာ ကမ္ဘာ့အချောမောဆုံး အမျိုးသားအဖြစ် ဖော်ပြခံခဲ့ရတာ ဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှ နာမည်ကြီး အမျိုးသား အနုပညာရှင်တွေကို ကျော်ဖြတ်ပြီး ကမ္ဘာ့အချောမောဆုံး အမျိုးသားအဖြစ် နံပါတ် (၁၀) မှာ ရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးအတွက် TC Candler ရဲ့ The Most Handsome Face Of 2020 မှာ ပါဝင်ခဲ့တဲ့ အမျိုးသားအနုပညာရှင် အယောက် (၁၀၀) ကို မျှဝေပေးလိုက်ပါတယ်နော်။

ပိုင်တံခွန်ကတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ မြန်မာအနုပညာရှင်တစ်ယောက်အဖြစ် ဂုဏ်ယူဝံ့ကြွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း တိုင်းပြည်ကို ဂုဏ်တင့်စေတဲ့ ပိုင်တံခွန်အတွက် ဝမ်းသာဂုဏ်ယူနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

vedio ကြည့်ရန်