Spots news

တိုက်စစ်အတွက်ကာဗာနီကို သက်တန်းတိုးပြီးနောက် ဆန်ချိုကိုအရခေါ်ရန် မန်ယူကြိုးပမ်း

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြောင်းရွှေ့ကြေး ပေါင် ၇၇ သန်း အသုံးပြု၍ ယူရို-၂၀၂၁ မတိုင်မီ

ဒေါ့မွန်တိုက်စစ် ကစားသမား ဆန်ချိုကို ခေါ်ယူရန် ကြိုးစားနေကြောင်းအင်္ဂလန် သတင်းစာ တစ်စောင်က ရေးသားထားပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒေါ့မွန်နှင့် အင်္ဂလန်လက် ရွေးစင် တောင်ပံတိုက်စစ်ကစာသးမား ဆန်ချိုကိုကို

ပြီးခဲ့သည့် ဘောလုံးရာသီ ကတည်းက ခေါ်ယူရန် ကမ်းလှန်းခဲ့သော်လည်း ဈေးညှိနှိုင်းမှု အဆင်မပြေ၍ ပျက်ပျယ်ခဲ့ရပါတယ်။

ဆိုးရှားက ဆန်ချိုကို ယူရို-၂၀၂၁ ပြိုင်ပွဲမစမီတွင် ခေါ်ယူလိုနေပြီး တိုက်စစ်မြားဦးအတွက် အသင်းအတွက် ခြေစွမ်းပြနေတဲ့ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီကို

တစ်နှစ်စာချုပ် ချုပ်ဆိုပြီး ၂၄ နာရီ အတွင်းမှာပဲ ဆန်ချိုကို ခေါ်ယူရန် မန်ချက်စတာ ယူနိုက်တက်က ကြိုးစားလာခြင်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဆန်ချိုရဲ့ ဒေါ့မွန်အသင်းဖော် ဟာလန်း သို့မဟုတ် ဟယ်ရီကိန်းကို တိုက်စစ်မြားဦးအတွက် ခေါ်ယူရန် သတင်းများ ထွက်ပေါ်နေသော်လည်း

ကာဗာနီကို ၁၂ လ သက်တမ်းတိုးနိုင်ပြီဖြစ်သောကြောင့် ညာတောင်ပံတိုက်စစ်နေရာကို အားဖြည့်ရန် ဆန်ချိုဘက်သို့ လှည့်လာခြင်းဖြစ်ပါတယ်။

ယူနိုက်တက် နောက်ခံလူဟောင်းနဗီးလ်က ကာဗာနီကို စာချုပ်သက်တမ်း တိုးပြီးနောက် မန်ယူသည် တိုက်စစ်မှူး ဝယ်ယူတော့မည် မဟုတ်ဘဲ

ယခင် နှစ်ကထက် ဈေးသက်သာသည့် ဆန်ချိုကို ရရှိရေး ဦးစားပေးတော့မည်ဟု ယူဆကြောင်း ထုတ်ဖော်ပြောဆို ထားပါသေးတယ်။

ရာသီအစက အသင်းဖော် ဟာလန်းရဲ့ ခြေစွမ်းအောက် တိမ်မြုပ်ခဲ့သော်လည်း ယခုအချိန်မှာတော့ ဆန်ချိုဟာ ပုံမှန် ခြေစွမ်းပြသ လာခဲ့ပါတယ်။

လိုက်ပ်ဇစ်ကို ၃-၂ ဖြင့် အနိုင်ရသော ပွဲမှာ အနိုင်ဂိုးအပါအဝင် ၂ ဂိုးသွင်းယူ‌ ပေးခဲ့ပြီး ထိပ်ဆုံးလေးသင်းဝင်ရေး မျှော်လင့်ချက်ကို အသက်ဆက်ပေးခဲ့ပါတယ်။