Spots news

လက်ရှိပရီးမီးယားလိဂ်မှာ လင်ဂတ်အကောင်းဆုံးပါဆိုတဲ့ ဘရူနိုဖာနန်ဒက်စ်

Unicode Version

မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က ယူနိုက်တက်ကနေ ဝက်စ်ဟမ်းမှာ အငှားသွား ကစားနေတဲ့ ကွင်းလယ်လူ ဂျက်ဆီလင်ဂတ်ဟာ

ဂိုးသွင်းခြေစွမ်းတွေ ပြန်လည်ပြသ နေတာကြောင့် လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား တစ်ယောက် ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အသက်(၂၈) နှစ်ရှိနေပြီ ဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား လင်ဂတ်ဟာ မန်ချက်စတာ ယူနိုက်တက်မှာ

ခြေစွမ်းကျဆင်းခဲ့ပြီး ပုံမှန်နေရာရဖို့ ရုန်းကန်နေရတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီမှာပဲ ဝက်စ်ဟမ်းကို အငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့ပါတယ်။

လင်ဂတ်ဟာ ဝက်စ်ဟမ်းမှာ သူရဲ့အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ထုတ်ဖော်ပြသ နိုင်ခဲ့ပြီး အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၉)ဂိုး သွင်းယူထားနိုင်ခဲ့သလို

ဂိုးဖန်တီးမှုကိုလည်း (၄)ကြိမ် လုပ်ဆောင်ထားကာ အသင်းကို ဥရောပဝင်ခွင့် ရအောင် ကြိုးပမ်းပေးလျက် ရှိနေပါတယ်။

ဒီလို ခြေစွမ်းကောင်းတွေ ပြန်လည် ပြသနိုင်တဲ့ အသင်းဖော်ဟောင်း လင်ဂတ်နဲ့ ပတ်သက်ပြီး ယူနိုက်တက် ကွင်းလယ်လူ ဖာနန်ဒက်စ်က “သင်အနေနဲ့ ဂျက်ဆီကို အခုကြည့်မယ်ရင်

ဂျက်ဆီရဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်(၁၀)ပွဲကို ကြည့်ထားမိတယ်ဆိုရင် သူက တကယ့်ကို ထိပ်တန်းအဆင့်ရှိ ကစားသမား တစ်ယောက်လို့ ထင်မိမှာပါ။

ကျွန်တော်အမြင်အရ ပြောမယ်ဆိုရင် ဂျက်ဆီရဲ့ နောက်ဆုံး ကစားထားတဲ့ ပွဲ(၁၀)ပွဲကို ကြည့်ထားမယ်ဆိုရင် သူ့ကို ပရီးမီးယားလိဂ်ရဲ့

အကောင်းဆုံး ကစားသမားလို့ ယူဆနိုင်ပါလိမ့်မယ်။ ပွဲတိုင်းမှာ ဂိုးလည်းသွင်းနိုင်တယ်။ ဂိုးဖန်တီးမှုလည်း လုပ်ဆောင်နိုင်တယ်။

ဒီမှာရှိနေကြတဲ့ လူတိုင်းက ဂျက်ဆီရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ အရမ်းကို ဝမ်းသာနေကြပါတယ်။ သူရဲဲ့ယုံကြည်မှုတွေကို ပြန်လည်ရရှိခဲ့ပါပြီ။

သူရဲ့ခြေစွမ်းကောင်းတွေကို ပြန်လည်ပြသလာနိုင်ပြီ။ သူရဲ့စွမ်းဆောင်ရည် အပေါ် ကျွန်တော်တို့အတွက် အလွန် ဝမ်းမြောက်နေရတယ်” လို့ ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။

လင်ဂတ်ဟာ ဝက်စ်ဟမ်းမှာ ခြေစွမ်းပြနေတာကြောင့် အင်္ဂလန် လက်ရွေးစင် အသင်းနဲ့အတူ ယူရို-၂၀၂ဝ ပြိုင်ပွဲကြီးကိုပါ ဝင်ရောက်ဆင်နွဲခွင့်ရဖို့လည်း

အခြေအနေ ကောင်းလျက် ရှိနေသလို ဝက်စ်ဟမ်း အသင်းကလည်း သူ့ကို အပြီးသတ် ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။