Spots news

ဂျူဗင်တပ်အတွက်ဂိုး ၁၀၀ အမြန်ဆုံး ပြည့်မြောက်ခဲ့သူဖြစ်လာတဲ့ ရော်နယ်ဒို

Unicode Version

ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ အသင်းသမိုင်းတစ်လျှောက် ပွဲအရေအတွက် အနည်းဆုံးနဲ့ သွင်းဂိုး ၁ဝ၀ သွင်းယူနိုင်တဲ့ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ဆက်ဆူအိုလိုကို ၁-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် ဒုတိယမြောက်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဒီလိုစံချိန်ကောင်း တင်နိုင်ခဲ့တာဖြစ်ပါတယ်။

သူဟာ ဂျူဗင်တပ်စ် အတွက် ၁၃၁ပွဲအရောက်မှာပဲ ဂိုးရာပြည့်သွားတာဖြစ်ပြီး ၃ရာသီ မပြည့်ခင်သေးခင်မှာပဲ သွင်းဂိုးရာပြည့်တဲ့ ပထမဆုံးဂျူဗင်တပ်စ် ကစားသမားလည်း ဖြစ်လာပါတယ်။

စီရော်နယ်ဒို မတိုင်ခင် အိုမာဆီဗိုရီနဲ့ ရောဘတ်တိုဘက်ဂီယိုတို့က သွင်းဂိုး ၁၀၀ ပြည့်ဖို့ ဘောလုံးရာသီ ၄ရာသီ အချိန်ယူရင်း ပူးတွဲစံချိန်တင်ထားခဲ့ ကြတာပါ။

ဒါပေမဲ့ စီရော်နယ်ဒို ကတော့ ၂၀၁၈ နွေရာသီမှာ ရီးရဲလ်ကနေ ရောက်လာပြီးနောက် ၃ရာသီပြည့်ခါနီးလေးမှာပဲ သွင်းဂိုး ၁၀၀ ပြည့် မြောက်သွားတာဖြစ်ပါတယ်။

ဒါ့အပြင် စီရော်နယ်ဒိုဟာ မတူညီတဲ့ကလပ်အသင်း ၃သင်း၊ လက်ရွေးစင် အသင်းတို့နဲ့အတူ သွင်းဂိုး ၁၀၀ ပြည့်မြောက်တဲ့

ပထမဆုံး ကစားသမားဖြစ်လာပြီး အသင်းဟောင်းတွေဖြစ်တဲ့ ရီးရဲလ်နဲ့ ယူနိုက်တက်တို့မှာလည်း သွင်းဂိုးရာပြည့် ခဲ့တာဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ၂၀၁၈-၁၉ ရာသီက ၂၈ဂိုး၊ ၂၀၁၉-၂၀ ရာသီက ၃၇ ဂိုးနဲ့ ယခုရာသီမှာ ၃၅ဂိုးသွင်းယူ ထားတာဖြစ်ပြီး ယခုရာသီ စီးရီးအေမှာ ဂိုးသွင်းဘုရင် ဖြစ်ဖို့လည်း အတော်လေး နီးစပ်နေပါတယ်။

စီရော်နယ်ဒိုလိုပဲ တိုက်စစ်မှူး ဒီဘားလားကလည်း အသင်းအတွက် ဂိုး ၁၀၀ ပြည့်ကို ဆက်ဆူအိုလိုနဲ့ပွဲမှာ သွင်းယူနိုင်ခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ ဂျူဗင်တပ်စ် ကစားသမားဘ၀ ပထမဆုံး ၂ရာသီမှာ စီးရီးအေချန်ပီယံဖြစ်ခဲ့ပေမယ့် ဒီရာသီမှာတော့ ချန်ပီယံဆု လက်လွှတ်လိုက်ရပြီး အသင်းကလည်း ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့တောင် ရုန်းကန်နေရပါတယ်။