Unicode Version
ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက နာမည်ကျော် GQ Magazine နဲ့ အင်တာဗျူး မှာတော့ သူအနေနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ ကလပ်အသင်းတစ်သင်းတည်းမှာ တွဲဖက်ကစားချင်တယ်လို့ ထုတ်ဖော်ပြောဆို လာခဲ့ပါတယ်။
လက်ရှိ အချိန်မှာ ဂျူဗင်တပ်စ်အသင်းနဲ့ တိုက်စစ်မှူး ရော်နယ်ဒို တို့ရဲ့အနာဂတ်ကလည်း မတည်မငြိမ် ဖြစ်နေရပြီး အမ်ဘာပေ ထွက်ခွာဖွယ်ရှိနေတဲ့ ပီအက်စ်ဂျီ အသင်းဘက်ကလဲ ရော်နယ်ဒိုကို ပစ်မှတ်ထားလို့နေပါတယ်။
အသက်(၂၉)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တိုက်စစ် ကစားသမား နေမာဟာ ဘာစီလိုနာမှာကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ လီယွန်နယ်မက်ဆီနဲ့ တွဲဖက်ကစားခဲ့ဖူးပါတယ်။
လက်ရှိမှာလည်း ကမ္ဘာ့အကောင်းဆုံး လူငယ် ကစားသမား အဖြစ် သတ်မှတ်ခံထားရတဲ့ ကီလီယန်အမ်ဘာပေနဲ့ တစ်သင်းတည်းမှာ အတူကစားနေသူလည်း ဖြစ်ပါတယ်။
ဒါကြောင့် နေမာက သူနဲ့တစ်ခါမှ တွဲဖက်မကစားဖူးသေးတဲ့ ရော်နယ်ဒိုနဲ့ ကလပ်အသင်း တစ်ခုမှာ တွဲဖက်ကစားဖို့ ဆန္ဒရှိနေတာဖြစ်ကြောင်း ပြောဆိုလာခဲ့ပါတယ်။
နေမာက “ဘယ်ကစားသမားနဲ့ တွဲဖက်ကစားချင်သလဲဆိုတော့ ကျွန်တော် ရော်နယ်ဒိုကို ရွေးချယ်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မက်ဆီ ဘာပေတို့လို ထိပ်တန်း ကစားသမားတွေနဲ့
ကျွန်တော်က တွဲဖက်ပြီး ကစားခဲ့ဖူးပြီးပြီဆိုတော့ သူ့လို ကစားသမားမျိုးနဲ့လည်း အသင်းဖော်တွေ ဖြစ်ချင်တယ်။ ဒါပေမယ့် အခုအချိန်ထိကတော့ သူနဲ့ တွဲဖက် ကစားရဖူးခြင်း မရှိသေးပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။
လတ်တလောမှာတော့ ရော်နယ်ဒိုဟာ ဂျုဗင်တပ်စ်အသင်းနဲ့ နောက်ထပ် ဘောလုံးရာသီတွေကို ဆက်လက် ဖြတ်သန်းသွားဖို့ အခြေအနေ နည်းပါးလာခဲ့ရပြီး ကစားသမားဘက်က အသင်းရဲ့ ရလဒ်တွေအပေါ် စိတ်ပျက်လျက်ရှိနေသလို
အသင်းဘက်ကလည်း ဘဏ္ဍာရေးအခြေအနေ မတည်မငြိမ် ဖြစ်နေရချိန်မှာ တစ်ပတ်လုပ်ခများစွာ ပေးချေနေရတဲ့ ကစားသမား တစ်ယောက်နဲ့ လက်တွဲဖြုတ် သွားချင်နေပါတယ်။
ဒီလိုအခြေအနေရှိနေတဲ့ ရော်နယ်ဒိုကို နေမာရဲ့ ပီအက်စ်ဂျီအသင်းကနေ စောင့်ကြည့်လျက်ရှိနေပြီး တကယ်လို့ နေမာရဲ့ အသင်းဖော် ဘာပေကိုသာ စာချုပ်သက်တမ်းတိုးဖို့ မလွယ်ကူတော့ရင် နေမာတွဲဖက်ကစားချင်နေတဲ့ ရော်နယ်ဒိုကို ဂျုဗင်တပ်စ်အသင်းကနေ ကမ်းလှမ်းလာဖွယ် ရှိနိုင်ပါတယ်။