Spots news

ယူရိုပြိုင်ပွဲတွင် ပါဝင်မှာ မဟုတ်တော့ကြောင်း နောက်ခံလူဗန်ဒိုက် အတည်ပြု

Unicode Version

လီဗာပူး အသင်းရဲ့ အဓိကနောက်ခံလူ ဗန်ဒိုက်ကတော့ သူ့ရဲ့ပြင်းထန်တဲ့ ဒူးဒဏ်ရာကို ပြန်လည်သက်သာအောင် ပြုလုပ်နေရတာကြောင့်

နယ်သာလန်လက်ရွေးစင် အသင်းနဲ့ အတူ ယူရို(၂၀၂၀) ပြိုင်ပွဲကို ပါဝင်ကစားနိုင်မှာမဟုတ်ဘူးလို့ အတည်ပြု ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်တုန်းကတော့ ဗန်ဒိုက်ဟာ လေ့ကျင့်ရေးကွင်းမှာ ပြေးနေတဲ့ ဗီဒီယိုလေးတစ်ခုကို တင်ခဲ့တာဖြစ်ပြီး ကြံ့ခိုင်မှု ပြည့်ဝရန်အတွက် လုပ်ဆောင်နေခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ ဗန်ဒိုက်အတွက် မျှော်လင့်ချက်တွေ ရှိနေပါ‌ သေးတယ်။

ဗန်ဒိုက် ဟာ အဲဗာတန် အသင်းဂိုးသမား ပစ်ဖိုဒ့်ရဲ့ပြင်းထန်တဲ့ ဖျက်ထုတ်မှုကြောင့် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက အနားယူခဲ့ရတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ဗန်ဒိုက် ဟာ သူ့အနေနဲ့ ယူရိုပြိုင်ပွဲကို မကစားတာက အကောင်းဆုံးဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့ပြီး ရာသီကြိုအတွက်ပဲ ကြံ့ခိုင်မှု ပြည့်ဝဖို့ကို အာရုံစိုက်တော့မှာဖြစ်ပါတယ်။

အသက် 29 နှစ်အရွယ် ဗန်ဒိုက်က “ကျွန်တော့်ရဲ့ ကြံခိုင်မှု အခြေအနေအရ ယူရိုပြိုင်ပွဲမှာ ဝင်ရောက် မယှဉ်ပြိုင်တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ခံစားမိပါတယ်။

off-season မှာ ကျွန်တော့်ရဲ့ ပြန်လည်နလန်ထမှု အစီအစဉ် နောက်ဆုံးအဆင့်ကို စတင် လုပ်ဆောင်သွားမှာပါ။”

“ဒါကြောင့် လီဗာပူးနဲ့အတူ ရာသီကြို ပြင်ဆင်မှု လုပ်သွားနိုင်ဖို့အတွက်သာ အပြည့်အဝ အာရုံစိုက်သွားမှာပါ။ ဒါဟာ လက်တွေ့ကျတဲ့ ပစ်မှတ်ဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲကိုလွဲချော်ရလို့ ကျွန်တော်ဝမ်းနည်းမိပါတယ်။ ဒါပေမယ့် ဖြစ်လာတဲ့အရာတွေကို လက်ခံရမှာပါ”လို့ပြောဆိုထားပါတယ်။

လီဗာပူး အသင်းဟာ ဗန်ဒိုက် ကို ကာလကြာရှည် လက်လွှတ်ခဲ့ရတာကြောင့် အသင်းရဲ့ခံစစ်ပိုင်းအတွက်လည်း ခက်ခဲခဲ့ရပါတယ်။ အခုတော့ မနှစ်က ဖလားကို လက်လွှတ်လိုက်ရကာ၊ ချန်ပီယံလိဂ်၀င်ခွင့်အတွက်တောင် ရုန်းကန်နေရပါတယ်။