Spots news

မန်စီးတီးနဲ့ပွဲအဝါအဝင် လာမည့်ပွဲစဉ်နှစ်ပွဲကိုရွေ့ဆိုင်းဖို့ လမ်းပတ်တောင်းဆို

ချဲလ်စီးအသင်းနည်းပြဖြစ်သူ လမ်းပတ်ဟာဆိုရင် တနင်္ဂနေ့မှညယှဉ်ပြိုင်မည့် မန်စီးတီးအသင်း နဲ့ ပွဲအပါဝင် FA cup ပွဲစဉ်ဖြစ်တဲ့ Morecambe အသင်းနဲ့ ပွဲစဉ်ကိုပါ ရွေ့ဆိုင်းဖို့ တောင်းဆိုလိုက်ပါတယ်။

လမ်းပတ်က ဘောလုံးပြိုင်ပွဲတွေဟာ ဖိအားအောက်ပြန်လည်ရောက်ရှိနေတာဖြစ်ပြီး နောက်ထပ်ယှဉ်ပြိုင်ရမည့် အသင်းနှစ်သင်းလုံးရဲ့ ကိုဗစ်ဗိုင်းရပ်တွေ့ရှိမှုကြောင့် မိမိတို့အသင်းရဲ့ရပ်တည်မှု ထိခိုက်လာမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဂျီးဆပ် ၊ ကိုင်လီဝေါကာတို့အပါအဝင် ကစားသမားတွေမှာ ကိုဗစ် 19 ရောဂါတွေ့ရှိမှုကြောင့် အဲဗာတန် အသင်းနဲ့ရင်ဆိုင်ရမည့် ပွဲစဉ်ကိုဖျက်သိမ်းခဲ့ရပါတယ်။

ဆက်တိုက်ဆိုသလို နောက်ထပ်FA cup မှာ ယှဉ်ပြိုင်ရမည့် Morecambe အသင်းဟာလဲကစားသမားတွေမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိမှုတွေကြောင့် လိဂ်ပွဲစဉ် 2 ပွဲ ရွေ့ဆိုင်းထားတာပါ။

“ လက်ရှိမှာ ဘာတွေဖြစ်နေလဲ ၊ ဘာကအရေးကြီးနေလဲ ဆိုတာမြင်မှာပါ။ ဘောလုံးပြိုင်ပွဲတွေမှာလဲ ဗိုင်းရပ်ကြောင့် ရိုက်ခတ်မှုတွေရှိနေပါပြီ။ ကျွန်တော့်အနေနဲ့ မန်စီးတီးအသင်းနဲ့ပွဲကို ရွေ့နိုင်သလောက်ရွေ့ချင်ပါတယ်။

နှစ်သင်းလုံးစိတ်ချရတဲ့အနေအထားရောက်မှ ကစားပါရစေ။ အသင်းသားတွေကိုအထိခိုက်မခံနိုင်ပါဘူး ” ဟု လမ်းပတ်ကတောင်းဆိုခဲ့ပါတယ်။

ဆက်လက်၍ “ ဗြိတိန်မှာ ဗိုင်းရပ်ကြောင့် လူတိုင်းအခက်အခဲတွေရှိနေပါတယ်။ ‌‌ပရီးမီးယားလိဂ်မှာလဲ အတူတူပါတယ်။ ဘောလုံးပွဲကန်ရဖို့ အချိန်စောင့်ရတာ ဘာမှမဖြစ်ဘူး။

လုံခြုံမှုကအရေးကြီးတာပါ။ ပွဲစဉ်တချို့ကို မရပ်နားရင် ပွဲစဉ်တိုင်းကို ရပ်နားရပါလိမ့်မယ် ”

အင်္ဂလန်ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်အမေနဲ့လဲ လမ်းပတ်ရဲ့တောင်းဆိုမှုကို လိုက်လျောနိုင်ခြေရှိနေပြီး ပွဲကြပ်ရက်များကြောင့် ကစားသမားတွေအကြား ရောဂါပျံ့နှံ့မှုမြန်ဆန်မှုကို စိုးရိမ်နေကြပါတယ်။