Spots news

အော်ဝါကို အံ့သြလောက်ဖွယ် ပြောင်းရွှေ့ကြေးဖြင့် ရနိုင်ခွင့်ကို လီဗာပူးဘက်က စောင့်ဆိုင်းနေ

လီဗာပူးအသင်းဟာ ဒီနွေမှာ ကွင်းလယ်ပိုင်း အင်အားဖြည့်ဖို့ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေတာက လိုင်ယွန်အသင်းသား အော်ဝါကို သက်သာတဲ့ ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မှာမို့ဖြစ်ကြောင်း ပြင်သစ်သတင်းဌာနတွေက ဖော်ပြလာပါတယ်။

ကစားသမား ပြန်လည်စုဖွဲ့မှုကို စတင်သွားတော့မယ့် လီဗာပူးအသင်းဟာ ထိပ်တန်း ခေါ်ယူမှုကြီးတွေထက် ဈေးနှုန်းချိုမယ့် အလားအလာရှိ ကစားသမားတွေကို ခေါ်ယူဖို့ကိုပဲ ဦးစားပေးအဖြစ် ရွေးချယ်ဖွယ်ရှိတယ်။ လီဗာပူးအသင်း ချိန်ရွယ်နေတဲ့ ကစားသမား အများစုဟာ အသက် ၂၄ နှစ်အရွယ်တွေဖြစ်နေတာကလည်း ထူးခြားမှုတော့ မဟုတ်ပါဘူး။

L‘Equipe က ဖော်ပြရာမှာတော့ လိုင်ယွန်ဟာ မနှစ်ကနွေမှာ အော်ဝါအတွက် ယူရို သန်း ၆၀ တောင်းခံခဲ့ပေမယ့် ဒီနွေမှာ ယူရို သန်း ၃၀ လောက်ပဲ ရလိမ့်မယ်လို့ ဖော်ပြထားတယ်။ ဒါက လိုင်ယွန်အသင်း ချန်ပီယံလိဂ် မဝင်ခဲ့ရင်လား ဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိပါဘူး။

ပြင်သစ်လိဂ်ဟာ ရာသီသိမ်းဖို့ ၂ ပွဲ ကျန်ရှိနေသေးတာဖြစ်ပြီး လိုင်ယွန်အသင်းက ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်နိုင်နေဆဲဖြစ်ပါတယ်။ အသက် ၁၉ နှစ်တည်းက လိုင်ယွန်စီနီယာအဆင့်ကို ရောက်လာခဲ့တဲ့ အော်ဝါဟာ ဒီရာသီမှာတော့ ကိုယ်တိုင် ၇ ဂိုးသွင်းယူပြီး ဂိုးထောက်ပံ့မှု ၄ ကြိမ်သာ လုပ်ထားနိုင်ပါတယ်။

အော်ဝါဟာ လီဗာပူးကွင်းလယ်လူတွေထက်တော့ ဖန်တီးမှု ပိုလုပ်နိုင်သူဖြစ်ပြီး အထူးသဖြင့် ဝိုက်နယ်ဒမ်နေရာ တိုက်ရိုက်အစားဝင်မှု လုပ်နိုင်မယ်လို့ ယုံကြည်ရတယ်။ လီဗာပူးဘက်ကတော့ ဘစ်ဆိုမာ၊ အော်ဝါ တို့လို လူငယ် ကွင်းလယ်လူတွေကို ကင်းထောက်မှုတွေ လုပ်နေဆဲဖြစ်ပြီး အသင်းနဲ့ ပိုမို အံဝင်မယ်လို့ ယုံကြည်ရတဲ့ ကစားသမားကို ဒီနွေမှာ ရွေးချယ်ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

Zawgyi

လီဗာပူးအသင္းဟာ ဒီေႏြမွာ ကြင္းလယ္ပိုင္း အင္အားျဖည့္ဖို႔ကို စိတ္ရွည္စြာ ေစာင့္ဆိုင္းေနတာက လိုင္ယြန္အသင္းသား ေအာ္ဝါကို သက္သာတဲ့ ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ေခၚယူနိုင္မွာမို႔ျဖစ္ေၾကာင္း ျပင္သစ္သတင္းဌာနေတြက ေဖာ္ျပလာပါတယ္။ ကစားသမား ျပန္လည္စုဖြဲ႕မႈကို စတင္သြားေတာ့မယ့္ လီဗာပူးအသင္းဟာ ထိပ္တန္း ေခၚယူမႈႀကီးေတြထက္ ေဈးႏႈန္းခ်ိဳမယ့္ အလားအလာရွိ ကစားသမားေတြကို ေခၚယူဖို႔ကိုပဲ ဦးစားေပးအျဖစ္ ေ႐ြးခ်ယ္ဖြယ္ရွိတယ္။ လီဗာပူးအသင္း ခ်ိန္႐ြယ္ေနတဲ့ ကစားသမား အမ်ားစုဟာ အသက္ ၂၄ ႏွစ္အ႐ြယ္ေတြျဖစ္ေနတာကလည္း ထူးျခားမႈေတာ့ မဟုတ္ပါဘူး။  L‘Equipe က ေဖာ္ျပရာမွာေတာ့ လိုင္ယြန္ဟာ မႏွစ္ကေႏြမွာ ေအာ္ဝါအတြက္ ယူရို သန္း ၆၀ ေတာင္းခံခဲ့ေပမယ့္ ဒီေႏြမွာ ယူရို သန္း ၃၀ ေလာက္ပဲ ရလိမ့္မယ္လို႔ ေဖာ္ျပထားတယ္။ ဒါက လိုင္ယြန္အသင္း ခ်န္ပီယံလိဂ္ မဝင္ခဲ့ရင္လား ဆိုတဲ့ အခ်က္ကို ရွင္းရွင္းလင္းလင္း ေဖာ္ျပထားျခင္း မရွိပါဘူး။

ျပင္သစ္လိဂ္ဟာ ရာသီသိမ္းဖို႔ ၂ ပြဲ က်န္ရွိေနေသးတာျဖစ္ၿပီး လိုင္ယြန္အသင္းက ခ်န္ပီယံလိဂ္ဝင္ခြင့္ ေမွ်ာ္လင့္နိုင္ေနဆဲျဖစ္ပါတယ္။ အသက္ ၁၉ ႏွစ္တည္းက လိုင္ယြန္စီနီယာအဆင့္ကို ေရာက္လာခဲ့တဲ့ ေအာ္ဝါဟာ ဒီရာသီမွာေတာ့ ကိုယ္တိုင္ ၇ ဂိုးသြင္းယူၿပီး ဂိုးေထာက္ပံ့မႈ ၄ ႀကိမ္သာ လုပ္ထားနိုင္ပါတယ္။

ေအာ္ဝါဟာ လီဗာပူးကြင္းလယ္လူေတြထက္ေတာ့ ဖန္တီးမႈ ပိုလုပ္နိုင္သူျဖစ္ၿပီး အထူးသျဖင့္ ဝိုက္နယ္ဒမ္ေနရာ တိုက္ရိုက္အစားဝင္မႈ လုပ္နိုင္မယ္လို႔ ယုံၾကည္ရတယ္။ လီဗာပူးဘက္ကေတာ့ ဘစ္ဆိုမာ၊ ေအာ္ဝါ တို႔လို လူငယ္ ကြင္းလယ္လူေတြကို ကင္းေထာက္မႈေတြ လုပ္ေနဆဲျဖစ္ၿပီး အသင္းနဲ႕ ပိုမို အံဝင္မယ္လို႔ ယုံၾကည္ရတဲ့ ကစားသမားကို ဒီေႏြမွာ ေ႐ြးခ်ယ္ေခၚယူသြားဖြယ္ ရွိေနပါတယ္။