Spots news

ကစားသမားတွေကို ရောင်းထုတ်ရဖွယ်ရှိလို့အသင်းပြိုကွဲမှာ စိုးရိမ်နေရတဲ့ အင်တာ

Unicode Version

ယခုနှစ်ရာသီ မှာတော့ အင်တာမီလန် အသင်းဟာ ၂၀၀၉-၁၀ ဘောလုံးရာသီနောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် စီးရီးအေအမှတ်ပေးချန်ပီယံဆုကို ရရှိခဲ့ပါတယ်။

ထိုသို့ ချန်ပီယံ ဖြစ်ရေးအတွက် အဓိကခြေစွမ်းပြခဲ့သူတွေကတော့ ရှေ့တန်းမှ တိုက်စစ်မှူးနှစ်ဦးဖြစ်သော ဘယ်ဂျီယံ ကစားသမား လူကာကူနှင့် အာဂျင်တီးနား ကစားသမား မာတီနက်ဇ်တို့ ပဲဖြစ်ပါတယ်။

သို့ပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကွင်းဝင်ကြေး မရရှိမှု အပါအဝင် အခြား အထွေထွေ ငွေကြေး အကျပ်အတည်း များကြောင့် အင်တာမီလန် အသင်းအနေနဲ့

အဓိကတိုက်စစ်မှူး နှစ်ဦးကို မဖြစ်မနေ ထုတ်ရောင်းရမည့် အခြေအနေသို့ ရောက်ရှိလာကြောင်း အီတလီအားကစား မီဒီယာတစ်ခုက ဖော်ပြထားပါတယ်။

ငွေကြေးဆုံးရှုံးမှုကို ကာကွယ်ရန် အတွက် လစာကြေးငွေမြင့်မားပြီး ပြန်ရောင်းလျှင် ဈေးရနိုင်သည့် ကစားသမားမျိုးကို ရောင်းထုတ် ရမည်ဖြစ်သောကြောင့်

လူကာကူနှင့် မာတီနက်ဇ်တို့ လာမည့်ဘောလုံးရာသီတွင် ဘယ်အသင်း၌ ကစားရမည်လဲဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

လူကာကူကို ခေါ်ယူဖို့ အသင်းဟောင်း ချဲလ်ဆီးအပါအဝင် ဘာစီလိုနာနှင့် ရီးရဲမက်ဒရစ်တို့က ခေါ်ယူရန် စိတ် ဝင်စားနေသလို လော်တာရိုမာတီနက်ဇ်ကိုတော့ ဘာစီလိုနာက

ခေါ်ယူရန် ရေပန်းစား လျက်ရှိနေပါတယ်။ အီတလီနောက်ခံလူ အလက်ဇန်းဒရိုးဘာစ်တိုနီကိုလည်း မန်စီးတီးနှင့် လီဗာပူးတို့က ချိတ်ဆက်လျက်ရှိ နေပါသေးတယ်။

ထို့အပြင် ညာအစွန် နောက်ခံလူ ဟာကီမီကိုလည်း အာဆင်နယ်နှင့် ဘိုင်ယန်မြူးနစ်တို့မှ စိတ်ဝင်စားနေကြောင်း သတင်းများ ပေါ်ထွက်နေပါတယ်။

အင်တာမီလန် အသင်းဒုက္ကဌ ဇနက်တီက အင်တာမီလန် အသင်းဟာ ငွေကြေးအကျပ်အတည်းဒဏ်ကို ထိထိရောက်ရောက် ခံစားနေရကြောင်း ထုတ်ဖော်ပြောဆို ထားပါတယ်။

လစာမြင့်မားသော နည်းပြချုပ် ကွန်တီကိုလည်း အသင်းတွင်ဆက်ရှိရန် အာမခံနိုင်ခြင်း မရှိသောကြောင့် ဂျူဗင်တပ် အသင်းက စီးရီးအေတွင် ကိုးနှစ်ဆက်တိုက်

လွှမ်းမိုးနေခဲ့ခြင်းကို ဖယ်ရှားနိုင်ခဲ့သည့် အင်တာမီလန်အသင်းသည် အဓိက ကစားသမား အများအပြား အသင်းမှထွက်ခွာပြီး ပြိုကွဲမည့်အန္တရာယ်နှင့် ရင်ဆိုင်နေပါတယ်။