Spots news

မက်ဂွိုင်းယားနဲ့တွဲကစားဖို့ ဗာရန်းကို ကမ်းလှမ်းနေတဲ့ မန်ချက်စတာယူနိုက်တက်

Unicode Version

မက်ဂွိုင်းယားနဲ့ တွဲကစားဖို့ ကမ္ဘာ့အဆင့်နောက်ခံလူ ရှာဖွေနေတဲ့ မန်ယူနိုက်တက်ဟာ လက်ရှိအချိန်မှာတော့ ဒဏ်ရာကြောင့် မက်ဂွိုင်းယားမပါတဲ့ မန်ယူနောက်တန်းရဲ့ ‌အခြေအနေကိုကြည့်ပြီး နောက်ခံလူ အမှန်တကယ်လိုအပ်နေကြောင်း သိသာလာခဲ့ပါတယ်။

လီဗာပူး နဲ့ ပွဲမှာ ဘိုင်လီ၊ လင်ဒီလော့ခ်၊ တန်ဇွန်ဘီတို့ရှိပေမယ့် အားကိုးလို့မရနိုင်ကြောင်း သိသွားခဲ့တဲ့ ဆိုးလ်ရှားဟာ အဓိကနောက်ခံလူတစ်ဦးထပ်ခေါ်ဖို့ အတွက် ရီးရဲလ်နောက်ခံလူ ဗာရန်းကို ပေါင်သန်း ၄၀ နဲ့ စတင်ကမ်းလှမ်း လိုက်ကြောင်း မီဒီယာများက ပြောဆိုရေးသားထားကြပါတယ်။

အသက်၂၈နှစ်ရှိ ပြင်သစ်လက်ရွေးစင် ဗာရန်းဟာ ရီးရဲလ်နဲ့ စာချုပ်သက်တမ်း ၁နှစ် ကျန်နေသေးပြီး လာမယ့်နွေရာသီဈေးကွက်မှာ ယူနိုက်တက်၊ ချဲလ်ဆီး စတဲ့ အသင်းတွေက ခေါ်ယူဖို့

စိတ်ဝင်စားနေတဲ့ ကစားသမားလည်းဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားက ဗာရန်းရဲ့ ခြေစွမ်းကို သဘောကျနေပြီး မက်ဂွိုင်းယားနဲ့တွဲကစားဖို့ ဆန္ဒရှိနေတာပါ။

လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် မကစားနိုင်သေးတဲ့ မက်ဂွိုင်းယားနဲ့ ပတ်သတ်ပြီး ဆိုးလ်ရှားက ” မက်ဂွိုင်းယားက အသင်းကို စရောက်လာတဲ့အချိန်ကစပြီး အကောင်းဆုံး ကစားပေးနေတာပါ။

အခုအချိန်မှာ သူ့ကို သူ့ရဲ့ စွမ်းဆောင်ရည်မှတ်တမ်းတွေအနေနဲ့ရော အသင်းခေါင်းဆောင် တစ်ယောက်အနေနဲ့ပါ သတိရနေပါတယ်။ အသင်းအတွက် ဦးဆောင်မှုပေးနိုင်တဲ့ တစ်ယောက်ယောက် ကွင်းထဲမှာ လိုအပ်နေပါပြီ” လို့ Mirror ကို ပြောကြားသွားပါတယ်။

ဗာရန်းဟာ ရီးရဲလ်မှာ ၁၀စုနှစ် တစ်ခုစာ ဖြတ်သန်းခဲ့ပြီး ၃၅၉ပွဲ ကစားပေးခဲ့ရသလို ချန်ပီယံလိဂ် ၄ကြိမ်၊ လာလီဂါ ၃ကြိမ် အပါအဝင် ကလပ်ကမ္ဘာ့ဖလားနဲ့ ဥရောပစူပါဖလားတွေလည်း ရရှိခဲ့ပါတယ်။

ဒီနှစ် မှာ ယူနိုက်တက်နောက်တန်းဟာ အခြေအနေမကောင်းဘဲ တန်းမဆင်း၇ဘဲ အဆင့် ၁၇မှာ တင်ကျန်ခဲ့တဲ့ ဘရိုက်တန်ထက်တောင် ပေးဂိုးပိုများနေပါသေးတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်၊ ဝုလ်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး မေလ ၂၆ရက်နေ့မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် ဗီလာရီးရဲလ်အသင်းနဲ့ ရင်ဆိုင်ရမှာပါ။