Spots news

ဆန်ချို ကို လင်ဂတ်နဲ့ အလိုက်ပေးလဲလှယ်ဖို့ ပြင်ဆင်နေတဲ့ မန်ချက်စတာယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ လိုအပ်နေတဲ့ တောင်ပံ တိုက်စစ်အတွက် ဒေါ့မွန်ကစားသမား ဆန်ချိုကို ပစ်မှတ်ထားနေပြီး ထိုအပြောင်းအရွေ့အတွက် ဝက်စ်ဟမ်းမှာ အငှားကစားနေတဲ့ ကွင်းလယ်လူ လင်ဂတ်ကိုအသုံးချဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဂျာမန်ကလပ် ဒေါ့မွန်အသင်းကလည်း လင်ဂတ်ကိုစိတ်ဝင်စားနေပြီး ယူနိုက်တက်မှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ လင်ဂတ်ဟာ ဝက်စ်ဟမ်းမှာ ခြေစွမ်းပြ ဂိုးတွေ သွင်းယူနေတာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့ပါသေးတယ်။

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်ချ်ကလည်း လင်ဂတ်ခြေစွမ်းကိုသဘောကျနေပြီး မန်ချက်စတာ ယူနိုက်တက်ဆီမှ အပြီးသတ်ခေါ်ယူနိုက်ဖို့ အလိုရှိနေပါတယ်။ လင်ဂတ်ဟာ လုပ်ခလစာ မြင့်မားတဲ့ ကစားသမားဖြစ်ပြီး တစ်ပတ်လုပ်ခပေါင် ၁ သိန်းအထိရရှိနေတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ခြေစွမ်းပြကစားနေတဲ့ ဂျက်ဆီလင်ဂတ်ရဲ့တန်ကြေးကတော့ ပေါင်သန်း ၂၀ လောက်ရှိနေတာ ဖြစ်ပြီး ခေါ်ယူလိုတဲ့ အသင်းများလဲ ရှိနေသလို သတင်းတွေအရ လင်ဂတ်ဟာ လဲ မန်ချက်စတာ ယူနိုက်တက်ကနေထွက်ခွာဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အဓိကပစ်မှတ် ဖြစ်တဲ့ ဆန်ချိုကို ပြီးခဲ့တဲ့နွေရာသီတုန်းကလည်း ခေါ်ယူဖို့ကြိုးပမ်းခဲ့ တာဖြစ်ပြီး  ယခုရာသီ အပြောင်းအရွေ့မှာ ပို၍ နီးစပ်လာနေတာ ဖြစ်ပါတယ်။ လင်ဂတ်ကို ခေါ်ယူချင်နေတဲ့ ဒေါ့မွန်နဲ့ ယူနိုက်တက် တို့ဟာ ကစားသမားနှစ်ဦးကို အလဲအလှယ် လုပ်သွားဖွယ်ရာရှိပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အသင္းရဲ႕ လိုအပ္ေနတဲ့ ေတာင္ပံ တိုက္စစ္အတြက္ ေဒါ့မြန္ကစားသမား ဆန္ခ်ိဳကို ပစ္မွတ္ထားေနၿပီး ထိုအေျပာင္းအေ႐ြ႕အတြက္ ဝက္စ္ဟမ္းမွာ အငွားကစားေနတဲ့ ကြင္းလယ္လူ လင္ဂတ္ကိုအသုံးခ်ဖိဳ႕ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

 

ဂ်ာမန္ကလပ္ ေဒါ့မြန္အသင္းကလည္း လင္ဂတ္ကိုစိတ္ဝင္စားေနၿပီး ယူနိုက္တက္မွာ ေျခစြမ္းမျပနိုင္ခဲ့တဲ့ လင္ဂတ္ဟာ ဝက္စ္ဟမ္းမွာ ေျခစြမ္းျပ ဂိုးေတြ သြင္းယူေနတာျဖစ္ၿပီး ပရီးမီးယားလိဂ္ရဲ႕ တစ္လတာ အေကာင္းဆုံး ကစားသမားဆုကိုပါ ရရွိခဲ့ပါေသးတယ္။

ဝက္စ္ဟမ္းနည္းျပ ေဒးဗစ္မိုယက္ခ်္ကလည္း လင္ဂတ္ေျခစြမ္းကိုသေဘာက်ေနၿပီး မန္ခ်က္စတာ ယူနိုက္တက္ဆီမွ အၿပီးသတ္ေခၚယူနိုက္ဖို႔ အလိုရွိေနပါတယ္။ လင္ဂတ္ဟာ လုပ္ခလစာ ျမင့္မားတဲ့ ကစားသမားျဖစ္ၿပီး တစ္ပတ္လုပ္ခေပါင္ ၁ သိန္းအထိရရွိေနတာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ေျခစြမ္းျပကစားေနတဲ့ ဂ်က္ဆီလင္ဂတ္ရဲ႕တန္ေၾကးကေတာ့ ေပါင္သန္း ၂၀ ေလာက္ရွိေနတာ ျဖစ္ၿပီး ေခၚယူလိုတဲ့ အသင္းမ်ားလဲ ရွိေနသလို သတင္းေတြအရ လင္ဂတ္ဟာ လဲ မန္ခ်က္စတာ ယူနိုက္တက္ကေနထြက္ခြာဖို႔ ဆုံးျဖတ္ထားၿပီးျဖစ္တယ္လို႔ ေဖာ္ျပခဲ့ၾကပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ အဓိကပစ္မွတ္ ျဖစ္တဲ့ ဆန္ခ်ိဳကို ၿပီးခဲ့တဲ့ေႏြရာသီတုန္းကလည္း ေခၚယူဖို႔ႀကိဳးပမ္းခဲ့ ေသးတာျဖစ္ၿပီး ယခုရာသီ အေျပာင္းအေ႐ြ႕မွာ ပို၍ နီးစပ္လာေနတာ ျဖစ္ပါတယ္။ လင္ဂတ္ကို ေခၚယူခ်င္ေနတဲ့ ေဒါ့မြန္နဲ႕ ယူနိုက္တက္ တို႔ဟာ ကစားသမားႏွစ္ဦးကို အလဲအလွယ္ လုပ္သြားဖြယ္ရာရွိပါတယ္။