Unicode Version
သတင်းတွေရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ လာမယ့် နွေရာသီအတွင်း တိုက်စစ်မှူး ဂရစ်ဇ်မန်းအတွက် သင့်တော်မှန်ကန်တဲ့ကမ်းလှမ်းမှုသာ ရရှိလာရင် ထုတ်ရောင်းဖွယ်ရှိနေတယ်လို့ သိရပါတယ်။
အသက် ၃၀ အရွယ်ရှိ ပြင်သစ်လက်ရွေးစင် ဂရစ်ဇ်မန်းဟာ ၂၀၁၉ နွေရာသီက အက်သလက်တီကိုကနေ ပေါင်သန်း ၁၀၀ နဲ့ ဘာစီလိုနာကို ရောက်လာခဲ့ပေမယ့်
အသင်းဟောင်း အတွက် ပြသခဲ့တဲ့ ခြေစွမ်းမျိူး နူးကမ့်မှာ ပြသနိုင်ဖို့ ရုန်းကန်နေရပြီး သူဟာ အက်သလက်တီကို အတွက် ပွဲပေါင်း ၂၅၀ ကျော်မှာ ၁၃၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။
ဒါပေမဲ့ ဂရစ်ဇ်မန်းဟာ ယခုရာသီမှာ ဘာစီလိုနာရဲ့ဒုတိယဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ၁၈ဂိုးနဲ့ ရပ်တည်နေပြီး အသင်းခေါင်းဆောင် မက်ဆီက ၃၄ဂိုးနဲ့ ဂိုးအများဆုံး သွင်းယူထားပါတယ်။
ဘာစီလိုနာဟာ လာမယ့်နွေရာသီအတွင်း အသင်းကို ကြီးကြီးမားမား အပြောင်းအလဲပြုလုပ်ဖွယ်ရှိနေရာ ဂရစ်ဇ်မန်းအတွက် ကမ်းလှမ်းမှုတွေ ရှိလာရင် လက်သင့်ခံဖွယ်စဉ်းစားဖွယ်ရှိ နေပါတယ်။
ဘာစီလိုနာဟာ ဖေဖော်ဝါရီလအစမှာ ကြွေးမြီ ပေါင် ၁ဘီလီယံ အထိတင်ရှိခဲ့ရာ နွေရာသီမှာ အဓိက ပစ်မှတ်တွေကို ခေါ်ယူဖို့ အခက်တွေ့ဖွယ်ရှိနေပါတယ်။
ဒါ့အပြင် ဘာစီလိုနာရဲ့ ဆိုးရွားနေတဲ့ ဘဏ္ဍာရေးအခြေအနေအရ အသင်းအနေနဲ့ လာမယ့်နွေရာသီမှာ အဓိက ကစားသမားတချို့ကို ရောင်းချရဖွယ်ရှိ နေပါတယ်။
လက်ရှိအချိန်မှာ ဘာစီလိုနာဟာ အသင်းခေါင်းဆောင် မက်ဆီကို စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပြီး သူ့ရဲ့စာချုပ်သက်တမ်းက
လာမယ့်နွေရာသီမှာ ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် အာဂျင်တီးနား အသင်းခေါင်းဆောင် ကတော့ အသင်းမှာ ဆက်ကစားဖွယ် ရှိနေပါတယ်။