Spots news

သမိုင်းတစ်လျှောက် တစ်ရာသီအတွင်းလိဂ်ဂိုးအများဆုံးစံချိန်တင်နိုင်တော့မယ့် လီဝန်ဒေါစကီး

Unicode Version

ဘိုင်ယန်မြူးနစ် တိုက်စစ်မှုး လီဝန်ဒေါစကီးဟာ ဖရိုင်းဘတ်နဲ့ပွဲမှာ ပင်နယ်တီကနေတဆင့် ၁ဂိုးသွင်းယူ နိုင်ခဲ့ပြီး ဒီရာသီမှာ ဘွန်ဒက်စ်လီဂါ သွင်းဂိုး ၄၀ အထိရရှိသွားပြီး ဂန္ထဝင်ကစားသမားကြီး ဂတ်မူလာရဲ့ စံချိန်နဲ့ တူညီသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

ဂန္ထဝင်ကစားသမားကြီး ဂတ်မူလာဟာ ၁၉၇၁-၇၂ ဘောလုံးရာသီတုန်းက တစ်ရာသီအတွင်း အမှတ်ပေးပြိုင်ပွဲမှာ ဂိုးပေါင်း ၄၀ အထိသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားလည်းဖြစ်တဲ့ ဂတ်မူလာဟာ သူပါဝင်ကစားသွားတဲ့ ၁၅နှစ်အတွင်း ၅၆၅ဂိုးအထိ သွင်းပေးနိုင် ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ယခုရာသီရဲ့ ဘွန်ဒက်စ်လီဂါ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အော့စ်ဘတ်ပွဲမှာသာ ဂိုးထပ်သွင်း နိုင်ခဲ့မယ်ဆိုရင် ဂတ်မူလာရဲ့ စံချိန်ကို ချိုးဖြတ်နိုင်မှာလည်း ဖြစ်ပါတယ်။

ဒီရာသီမှာ ဘွန်ဒက်စ်လီဂါ ဂိုးသွင်းနှုန်း တက်လာပေမယ့် ပြိုင်ပွဲစုံ သွင်းဂိုးမှာတော့ လီဝန်ဒေါစကီးဟာ မနှစ်က ၅၅ဂိုး အထိ သွင်းနိုင်ခဲ့ပြီး လက်ရှိမှာတော့ ၄၆ဂိုးပဲ ရှိပါသေးတယ်။

ဒါ့အပြင် အသက် ၃၂နှစ်ရွယ်ရှိ လီဝန်ဒေါစကီးက စီးရီးအေကို ပြောင်းရွှေ့ကစားဖို့ ကိုလည်း စိတ်ဝင်စားတယ်လို့ ထုတ်ဖော် ပြောကြားထားပါတယ်။ သူက ” စီရီးအေ အသင်းတွေနဲ့ ချန်ပီယံလိ၈်မှာ ရင်ဆိုင်ခဲ့ရလို့ အချို့အသင်းတွေအကြောင်း သိပါတယ်။

တစ်နေ့မှာ ကျွန်တော့် ကစားသမားဘဝရဲ့ ကဏ္ဍသစ်ကို ဖွင့်လှစ်သွားမှာပါ။ လက်ရှိအချိန်မှာတော့ ဘိုင်ယန်လို ကြီးကျယ်ခမ်းနားတဲ့ အသင်းမျိုးမှာ ကစားနေရတာ ကျေနပ်ဖို့ ကောင်းပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။