Unicode Version
မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ စပါး နဲ့ ဝုဗ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင်စပါးအသင်းက အတောင့်တင်းဆုံး လူစာရင်းကို ပွဲထုတ်လာပြီး ယူရိုပါလိဂ်ဝင်ခွင့် မျှော်လင့်ချက်အတွက် အစွမ်းကုန် ပြင်ဆင်လာခဲ့ပါတယ်။
စပါးရဲ့တိုက်စစ်ပိုင်းမှာ တိုက်စစ်မှူး ဟယ်ရီကိန်းက ဦးဆောင်လာခဲ့ပြီး ဆွန်ဟောင်မင် နဲ့ဘေးလ်တို့က တောင်ပံတွေမှာနေရာယူလာပါတယ်။
ဝုဗ်ကလည်း သူတို့ရဲ့အတောင့်တင်းဆုံးလူစာရင်းနဲ့ ပွဲထုတ်လာပြီး စပါးကို ရင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။
အိမ်ရှင် စပါးက ပထမပိုင်းမှာ အခွင့်အရေးကောင်းတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို ဝုဗ်ဂိုးသမားကောင်းနေတာကြောင့်လည်း ဂိုးရဖို့ခက်နေပြီး ပထမပိုင်းမပြီးခင်မှာ ကိန်းက ဟိုဂျက်ရဲ့ဖန်တီးပေးမှုကနေ လူကျွံထောင်ချောက်ကိုဖောက်ထွက်ပြီး ဦးဆောင်ဂိုးရယူပေးခဲ့ပါတယ်။
ယခုပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး(၁)ဂိုး သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းမှာလည်း ဆာလာထက် တစ်ဂိုးအသာရပြီး ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံးစာရင်းမှာ ထိပ်ဆုံးကနေ ဦးဆောင်နေလျက် ရှိပါသေးတယ်။
အဲ့နောက်ဒုတိယပိုင်းမှာလည်း စပါး ကသာ ဆက်လက်ဖိအားပေးခဲ့ပြီး ဒုတိယဂိုးကို ပွဲကစားချိန် ၆၂ မိနစ်မှာ ဘေးလ်ရဲ့ကန်ချက် လျှံထွက်လာတာကို ဟိုဂျက်ကပိတ်သွင်းပြီး ရယူပေးခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ အိမ်ရှင်တို့က ဘောလုံးပိုင်ဆိုင်မှုအသာစီးယူပြီး ပွဲကိုထိန်းချုပ်ခဲ့ပါတယ်။ ဝုဗ်ကတော့ အခွင့်အရေး ၃ ကြိမ်လောက်သာရရှိခဲ့ပြီး စပါးကို ၂-၀ ဂိုးနဲ့ပွဲအပြီးမှာ အရေးနိမ်ခဲ့ပါတယ်။