Spots news

နောက်ဆုံးမိနစ်မှာ ဂိုးသမားအလီဆင်ရဲ့ ဂိုးနဲ့ ဝက်ဘရွန်းကို နိုင်ခဲ့တဲ့ လီဗာပူး

Unicode Version

ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာစာ အတွက် အမှတ်တွေ အသည်းအသန်လိုနေတဲ့ လီဗာပူးဟာ တန်းဆင်းထားပြီးဖြစ်တဲ့ ဝက်စ်ဘရွန်းအိမ်ကွင်းမှာ မမျှော်လင့်ထားပဲ မိနစ် ၉၀လုံး အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အချိန်ပိုနောက်ဆုံးမိနစ် အရောက်မှာတော့ ဂိုးသမား အလီဆန်ရဲ့ အံ့အားသင့်ဖွယ် ခေါင်းတိုက် သွင်းဂိုးနဲ့အတူ အဖိုးတန် အနိုင်သုံးမှတ် ကို ရယူနိုင် ခဲ့ပါတယ်။

ယနေ့ပွဲမှာ ဦးဆောင်ဂိုးကို အိမ်ရှင်ဝက်စ်ဘရွန်းအသင်းရဲ့ တိုက်စစ်မှူး ရော့ဘ်ဆင်ကနူးက ၁၅ မိနစ်အရောက်မှာပဲ သွင်းယူနိုင်ခဲ့တဲ့အတွက်

လီဗာပူးဟာ ရုန်းကန်ခဲ့ရပြီး ၃၃ မိနစ်မှာ ဆာလာရဲ့ ချေပဂိုးကို ရရှိခဲ့ပေမယ့် လိုအပ်နေတဲ့
အနိုင်ဂိုး ရဖို့အတွက်ကို အသည်းအသန် လှုပ်ရှားရုန်းကန် နေခဲ့ရပါတယ်။

ဒုတိယပိုင်း တစ်ပိုင်းလုံးလည်း လိုအပ်နေတဲ့အနိုင်ဂိုးအတွက် ဖိကစားခဲ့ပေမယ့် ဝက်စ်ဘရွန်းရဲ့ ပိတ်ဆို့မှုကြောင့် ဘယ်လိုမှ မတတ်နိုင်ခဲ့ရပေမယ့် ပွဲကစားချိန် နောက်ဆုံးမိနစ် အပိုင်းအခြား နောက်ဆုံး အခွင့်အရေးမှာ

အာနိုးရဲ့ တိကျ သေသပ်လှတဲ့ Corner ပေးပို့မှုကို ဂိုးသမား အလီဆန်က အံ့အားသင့်ဖွယ် ခေါင်းတိုက် သွင်းယူနိုင် ခဲ့တဲ့အတွက် ကလော့တစ်ယောက် မဖြစ်မနေ လိုအပ်နေတဲ့ အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် တိုက်ပွဲခေါ်သံကို ဆွဲဆန့်နိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ၃၆ ပွဲ ကစားအပြီးတွင် ၆၃ မှတ်ရရှိထားပြီး လက်ကျန် ၂ ပွဲအလိုတွင် အဆင့် ၄ မှ ချယ်လ်ဆီး အသင်းနှင့် တစ်မှတ်သာ ကွာဟနေကာ

လာမည့် ပွဲစဉ်-၃၇ ၌ ချယ်လ်ဆီး-လက်စတာ ထိပ်တိုက် တွေ့ဆုံနေမှုကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေ ပြန်ကောင်း လာခဲ့ပါတယ်။