Spots news

အက်ဖ်အေဖလားချန်ပီယံ လက်စတာအသင်း ဆုကြေးဘယ်လောက်ရခဲ့သလဲ

Unicode Version

လက်စတာစီးတိး အသင်းဟာ ယမန်နေ့ညက ဝင်ဘာလေမှာ ချဲလ်ဆီးကို အနိုင်ယူကာ အက်ဖ်အေဖလားကို သိမ်းပိုက် နိုင်ခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ လက်စတာတို့ရဲ့အက်ဖ်အေဖလားဗိုလ်လုပွဲကတော့

ကွင်းထဲပရိသတ်တွေ လာကြည့်ရကျိုးနပ်စေခဲ့ပြီး တစ်လုံးတည်းသောသွင်းဂိုးက ကမ္ဘာ့အဆင့်မီသလို ပွဲပြီးခါနီးမှာ VAR ရဲ့အဆုံးအဖြတ်ကလည်း ချဲလ်ဆီးပရိသတ်တွေကို ဒေါသထွက်စေခဲ့ပါတယ်။

လက်စတာအတွက်တော့ ၁၉၆၉ နောက်ပိုင်း ပထမဆုံးတက်ရောက်နိုင်တဲ့ ဗိုလ်လုပွဲမှာ အနိုင်ရပြီးနောက် ပထမဆုံးဆုဖလားပါ ရယူနိုင်ခဲ့သလို တိုင်လေမန်းစ်က ၂၅ ကိုက်အကွာကနေ မှတ်တမ်းတင်မှုနဲ့ထိုက်တန်တဲ့ဂိုးမျိုး သွင်းယူသွားပါတယ်။

လက်စတာဟာ သူတို့ရဲ့ ကလပ်အသင်း သမိုင်းတစ်လျှောက် ပထမဦးဆုံး အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ အပြင် ဆုကြေးကလည်း မြိုးမြိုးမြက်မြက် ရရှိခဲ့ပါသေးတယ်။

အက်ဖ်အေဖလား အတွက် စုစုပေါင်း ဆုကြေးဟာ ပေါင် ၁၅ သန်း ဖြစ်ပြီး ဒီဆုကြေးကို ဒီပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်ကစားတဲ့ ကလပ် ၁၈၈ သင်းကို ခွဲပေးမှာ ဖြစ်ပါတယ်။

လက်စတာစီးတီးဟာ ဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့တာကြောင့် သူတို့ရဲ့ စုစုပေါင်း ဆုကြေးကို ၂ ဆ မြှင့်တင် နိုင်ခဲ့ပါတယ်။ ဘရန်ဒန်ရော်ဂျာရဲ့ အသင်းဟာ

ဗိုလ်လုပွဲကို တက်ရောက် နိုင်ခဲ့ပြီးနောက် ဆုကြေး ၁.၈ သန်း ရရှိထားခဲ့ပြီး ဖြစ်ကာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာကြောင့် စုစုပေါင်း ဆုကြေး ပေါင် ၃.၄ သန်း ရသွားခဲ့ပါတယ်။

ဗိုလ်လုပွဲမှာ ရှုံးခဲ့တာကြောင့် သောမတ်တူချယ်ရဲ့ ချဲလ်ဆီးအသင်းဟာ ဆုကြေး ပေါင် ၉ သိန်း ရရှိခဲ့ပြီး စုစုပေါင်း ဆုကြေးကတော့ ပေါင် ၂.၄ သန်း ရရှိခဲ့ပါတယ်။