Spots news

ဘိုင်ပြတ်နေတဲ့ ဘာစီလိုနာ ကိုပြောင်းချင်ရင် အဂွဲရိုး လစာ ၄၀% လျော့ယူရမည်

Unicode Version

မန်စီးတီးအသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဆာဂျီယိုအဂွဲရိုးကတော့ ဒီနှစ်ဘောလုံးရာသီ အကုန်မှာပဲ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့ လက်တွဲဖြုတ် တော့မှာဖြစ်ကာ

 

လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့ဖြစ်ကလည်း အတော်လေးကို နီးစပ်နေပေမယ့် ဘာစီလိုနာရဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် လစာကို (၄၀)%လောက်အထိကို လျှော့ယူသွားရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

အသက်(၃၂)နှစ်အရွှယ်ရှိ အာဂျင်တီးနား တိုက်စစ် ကစားသမား အဂွဲရိုးဟာ လက်ရှိမှာ မန်စီးတီးအသင်းနဲ့ ဒီနှစ်ရာသီရဲ့ လက်ကျန်ပွဲတွေကိုသာ အာရုံစိုက် ကစားနေတာဖြစ်ပြီး သူ့အတွက် အသင်းသစ်ကို မရွေးချယ်ရသေးပဲ ရှိနေပါတယ်။

မီဒီယာတွေရဲ့ ဖော်ပြချက်တွေမှာတော့ အဂွဲရိုးဟာ သူရဲ့အာဂျင်တီးနားအသင်းဖော် လီယွန်နယ်မက်ဆီရှိရာ ဘာစီလိုနာ အသင်းဆီကို ပြောင်းရွှေ့ကစားဖို့

အနီးစပ်ဆုံး ဖြစ်နေသလို မက်ဆီကလည်း အဂွဲရိုး အသင်းကို ရောက်ရှိလာမယ်ဆိုရင် သူကိုယ်တိုင်ပါ ဘာစီလိုနာနဲ့ ဆက်လက် လက်တွဲသွားဖွယ် ရှိနေပါတယ်။

ဘာစီလိုနာအနေနဲ့ အဂွဲရိုးကို ပြောင်းရွှေ့ကြေးမပါဝင်ပဲ အလွတ်ခေါ်ယူနိုင်မှာဖြစ်ပေမယ့်လည်း အသင်းရဲ့ လက်ရှိ စီးပွားရေး အခြေအနေတွေကြောင့်

အဂွဲရိုးသာ အသင်းကို ရောက်လာခဲ့မယ်ဆိုရင် သူအခု မန်စီးတီး အသင်းမှာ ရရှိနေတဲ့ လစာတန်ကြေးမျိုးထက် (၄၀)%အထိကို လျှော့ချခံရဖွယ် ရှိနေပါတယ်။

အဂွဲရိုးဟာ မန်စီးတီးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင်(၂) သိန်းခွဲအထိကို ရရှိနေတာဖြစ်ပေမယ့်လည်း ဘာစီလိုနာ အသင်းကို ရောက်ရှိသွားမယ်ဆိုရင်တော့ တစ်ပတ်ကို ပေါင်(၁)သိန်းလောက်သာ ရရှိတော့မှာဖြစ်တာကို ကစားသမားဘက်ကနေလည်း စဉ်းစားလာနိုင်ပါတယ်။

အဂွဲရိုးကို ဘာစီလိုနာအသင်းအပြင် ချယ်လ်ဆီး ဂျုဗင်တပ်စ် အင်တာမီလန် ပီအက်စ်ဂျီတို့လို ထိပ်တန်းကလပ် အသင်းတွေအပြင် အဲဗာတန် လိဒ်စ်ယူနိုက်တက် တို့လို ပရီးမီးယားလိဂ် အသင်းတွေကလည်း ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြပါတယ်။