Spots news

အနာဂတ်မသေချာတဲ့ ဘာပေရဲ့နေရာကို လီဝမ်ဒေါစကီးနဲ့ အစားထိုးမည်

Unicode Version

ပီအက်စိဂျီ အသင်းဟာ အသင်းရဲ့ အဓိက လူငယ်ကြယ်ပွင့် တိုက်စစ်မှူး အမ်ဘာပေ နဲ့ စာချုပ် သက်တမ်းတိုးရေး ဆုံးဖြတ်ချက်တိကျစွာ မရရှိသေးပဲ ဖြစ်လျက်ရှိနေတဲ့ အတွက်

အကယ်၍ ဘာပေသာ အသင်းမှ ထွက်ခွာသွားခဲ့ပါက ငွေးကြေး ကြွယ်ဝသော အသင်းဖြစ်သည့်အလျောက် ထိပ်တန်း တိုက်စစ်မှူး တစ်ယောက် ချက်ချင်း ခေါ်ယူမည်မှာ အသေချာပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ပီအက်စ်ဂျီ အသင်းဟာ ပြည်တွင်း လိဂ်ပြိုင်ပွဲတွင်လဲ ရုန်းကုန်နေသလို ဥရောပ ချန်ပီယံလိဂ်မှာလဲ ဆီမီးဖိုင်နယ်မှ လက်ပြနှုတ်ဆက်ထွက်ခွာ ခဲ့ရပါတယ်။

တိုက်စစ်မှူးနေမာကို ကာလရှည် စာချုပ်သက်တမ်း တိုးနိုင်ခဲ့ပေမယ့် ဘာပေကို သက်တမ်း မတိုးနိုင်သေးတဲ့ ပီအက်စ်ဂျီဟာ လီဝမ်ဒေါစကီးကို အစားထိုးဖို့ လျာထားလျက် ရှိနေပါတယ်။

လူငယ် တိုက်စစ်မှူး အမ်ဘာပေဟာ ရီးရဲမက်ဒရစ် အသင်းနဲ့ အပြောင်းအရွေ့ ထွက်ပေါ်လျက်ရှိနေပြီး ကစားသမားကလဲ စိန်ခေါ်မှု အသစ်တွေကို နှစ်သက်သူဖြစ်ပြီး လိဂ်ပြောင်းရွေ့ ကစားလိုကြောင်း ပြောဆိုထားပါတယ်။

ပီအက်စ်ဂျီ အနေနဲ့ အမ်ဘာပေကို မရောင်းချလိုသော်လည်း ကစားသမားများက စာချုပ်သစ် မချုပ်ဆိုပါက ရောင်းချရမှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝမ်ဒေါစကီးကို အစားထိုးရန် နံပါတ်တစ် ပစ်မှတ် အဖြစ်ထားရှိကြောင်း ပြင်သစ်မီဒီယာ များက ဖော်ပြထားပါတယ်။

တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်အသင်း နှင့် ၂၀၂၃ အထိ စာချုပ် သက်တမ်း ကျန်ရှိသော်လည်း အသင်းမှ ထွက်ခွာပြီး လိဂ်တစ်ခုခုသို့ ပြောင်းရွေ့ ကစားလိုကြောင်း သတင်းများလည်း ထွက်ပေါ်နေပါတယ်။