Spots news

ရော်နယ်ဒိုလက်သစ် မန်ဒက်စ်ကို မန်ယူနဲ့ မန်စီးတီး အပြိုင်ကမ်းလှမ်းဖို့ပြင်ဆင်

Unicode Version

စပို့တင်းလစ္စဘွန်းအသင်းမှာ ခြေစွမ်းပြကစားနေတဲ့ ဆယ်ကျော်သက် အရွယ်ကစားသမား နူနိုမန်ဒက်စ်ကို အင်္ဂလန်ကလပ်ကြီး တွေဖြစ်တဲ့ မန်စီးတီးနဲ့ ယူနိုက်တက် တို့က ခေါ်ယူဖို့ စိတ်၀င်စားနေကြပါတယ်။

မန်ဒက်စ်ဟာစီရော်နယ်ဒိုနောက်ပိုင်း အသက်အငယ်ဆုံး ကစားသမားအနေနဲ့ ပေါ်တူဂီလိဂ်မှာ စပို့တင်းအတွက် ကစားခွင့်ရတဲ့သူပဲဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ မကြာသေးခင်က နူနိုမန်ဒက်စ်နဲ့ ဆက်သွယ်မှုရှိခဲ့ပြီး အဆိုပါ ပေါ်တူဂီစတား ကိုခေါ်ယူဖို့ ပေါင်52သန်းထိအသုံးပြုဖွယ်ရှိတယ်လို့

ကြားသိရပါတယ်။မြို့ခံပြိုင်ဘက် မန်စီးတီးအနေနဲ့လည်း နူနိုမန်ဒက်စ်ကို ချိတ်ဆက်ခဲ့ပေမယ့် ကစားသမားရဲ့ စိတ်၀င်စားမှုက သိပ်အားမပြင်းပါဘူး။

မန်ဒက်စ်ဟာ တစ်ရာသီလုံးမှာ ပွဲပေါင်း30ကျော်ကစားပြီး စပို့တင်းအသင်းကို ချန်ပီယံဖြစ်တဲ့အထိ ခြေစွမ်းပြကစားထားနိုင်တာကြောင့် အသင်းကြီးတွေရဲ့စိတ်ဝင်စားတာကို ခံနေရတာဖြစ်ပါတယ်။

အသက်၁၀နှစ်အရွယ်ကတည်းက စပို့တင်းအသင်းကိုရောက်ရှိနေခဲ့တဲ့ နူနိုမန်ဒက်စ်ဟာ လူငယ်ပေမယ့် ပွဲတစ်ပွဲကို ဖတ်နိုင်စွမ်းက ဆရာကျလွန်းတာကြောင့် စီနီယာကစားသမားတွေကတောင် သူ့ကိုအသိအမှတ်ပြု လက်ခံပေးကြရတာပဲဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကောင်လေးရဲ့အေးဂျင့်ဖြစ်သူ Miguel Pinhoနဲ့ သဘောတူညီမှုရနိုင်တဲ့ အနေအထားမှာရှိပြီး၊ Pinhoဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ အေးဂျင့်လည်းဖြစ်တာကြောင့် ယူနိုက်တက်နဲ့ နီးစပ်တဲ့အနေအထားမှာရှိ‌နေပါတယ်။

စီရော်နယ်ဒို နာနီ ဖာနန်ဒက်စ်တို့ဟာ စပို့တင်းနဲ့ ယူနိုက်တက်တို့ကြားက အပြောင်းအရွှေ့ကောင်း ဥပမာတွေပဲဖြစ်တာကြောင့် နူနိုမန်ဒက်စ်နဲ့ ပတ်သက်ပြီး ယူနိုက်တက်ကို အကျိုးရှိစေမလား စောင့်ကြည့်ရပါမယ်