Spots news

စူပါလိဂ်မှ မထွက်လျှင် ရီးရဲလ် ၊ဘာကာနဲ့ ဂျူဗင်တပ်တို့ ချန်ပီယံလိဂ်ကန်ခွင့်မရ

Unicode Version

ဥရောပဘောလုံး အဖွဲ့ချုပ် UEFA ဟာ တစ်စင်ထောင်ရန်ကြိုးစားသော ဥရောပစူပါလိဂ်ပြိုင်ပွဲမှ နှုတ်ထွက်မှု မလုပ်သေးပဲ ဆက်လက်ယှဉ်ပြိုင်ရန်

ကြိုးစားနေတဲ့ ရီးရဲလ်မက်ဒရစ် ၊ ဂျူဗင်တပ်နဲ့ ဘာစီလိုနာတို့ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အရေးယူမှု ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ဥရောပစူပါလိဂ်ကျင်းပရန် ပါဝင်ခဲ့တဲ့ ပရီးမီးယားလိဂ်မှ မန်ယူ၊ မန်စီးတီး၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ အာဆင်နယ်၊ စပါး တို့အပြင် အက်သလက်တီကို၊ အေစီမီလန်နှင့် အင်တာမီလန် စုစုပေါင်း ကိုးသင်းက

ဝေဖန်မှုများကြောင့် နှုတ်ထွက်ခဲ့ကြပေမယ့် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနှင့် ဂျူဗင်တပ်တို့ကတော့ လက်ရှိအချိန်အထိ နုတ်ထွက်ရန် ကြေညာခြင်းမရှိသေးကြောင်း သိရပါတယ်။

ဥရောပစူပါလိဂ်မှ နုတ်ထွက်ခဲ့သော ကိုးသင်းကို UEFA က ဒဏ်ကြေးအနည်းငယ်သာ ချမှတ်ခဲ့ပါတယ်။ ဒါ့အပြင် ဥရောပတစ်ဝန်းရှိ ကလေးငယ်များနှင့် လူငယ် ဘောလုံးပြိုင်ပွဲများအတွက်

ယူရို ၁၅ သန်းကို စုပေါင်းလှူဒါန်းရန် နဲ့ ၂၀၂၃-၂၀၂၄ ရာသီမှစ၍ ဥရောပပြိုင်ပွဲများ မှရရှိမည့် ဝင်ငွေအနက် ငါးရာခိုင်နှုန်းကို တစ်ရာသီဆိုင်းငံ့ခံရမည့် ပစ်ဒဏ်သာ ချမှတ်ခဲ့ပါတယ်။

သို့ပေမယ့် အနာဂတ်တွင် စူပါလိဂ်ကဲ့သို့ တရားမဝင် ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ပါက တစ်သင်းလျှင် ယူရိုသန်း ၁၀၀ နှင့် ကတိကဝတ်ဆိုင်ရာ

သဘောတူညီချက်များ ချိုးဖောက်ပါ က တစ်သင်းလျှင် ယူရိုသန်း ၅၀ ပေးဆောင် ရမည်ဖြစ်ကြောင်း သဘောတူညီမှု ပြုလုပ်ထားပါတယ်။

စူပါလိဂ်မှနုတ်ထွက်ရန် ကျန်ရှိသည့် ရီးရဲလ်မက်ဒရစ် ၊ဂျူဗင်တပ် နဲ့ ဘာစီလိုနာတို့  သုံးသင်းက‌တော့မြင့်ဆုံး ပြစ်ဒဏ်အဖြစ် ဥရောပ ချန်ပီယံလိဂ် ယှဉ်ပြိုင်ခွင့် ၂ နှစ်ပိတ်ပင်သည့်ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိနေကြောင်း သတင်းများအရ သိရပါတယ်။