Spots news

၄၅ သန်းဖြင့် ယူနိုက်တက်ကမ်းလှမ်းတဲ့ ဗာရာနီကို မက်ဒရစ်မှ သန်း ၇၀ ထိ တောင်းဆို

Unicode Version

ဒီနွေရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ နောက်ခံလူ ရာဖေးလ်ဗာရာနီကို ခေါ်ယူချင်ရင် အနည်းဆုံးယူရိုသန်း ၇၀ ခန့် အသုံးပြုရလိမ့်မယ်လို့ ရီးရဲလ်အသင်းက တောင်းဆိုလိုက်ပါတယ်။

စပိန်သတင်းစာ AS ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနွေရာသီမှာ ခေါ်ယူဖို့ ကြိုးစားနေတဲ့ ရီးရဲလ် ခံစစ်မှူး ဗာရာနီအတွက် ကမ်းလှမ်းမှုကို တိုးမြှင့် ကမ်းလှမ်းဖို့ လိုအပ်လာခဲ့ပါတယ်။

မက်ဂွဲယားနဲ့ တွဲကစားဖို့ ထိပ်တန်း ခံစစ်မှူးတစ်ယောက် ရှာဖွေနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ရီးရဲလ်နောက်ခံလူ ဗာရာနီကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။

နွေရာသီ‌မှာ ကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက်အတွက် ရီးရဲလ်မက်ဒရစ်မှ ဗာရာနီအတွက် အနည်းဆုံး ယူရိုသန်း ၇၀ ပေးချေရမည်ဟု ယူနိုက်တက်ကို တောင်းဆို လိုက်ကြောင်း သတင်းများက ဖော်ပြထားပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဘက်မှ မက်ဒရစ်နောက်ခံလူ အတွက် ယူရို ၄၅ သန်းဖြင့် စတင်ကမ်းလှမ်းခဲ့ပေမယ့် ရီးရဲလ်ဘက်က ဗာရာနီအတွက် ယူရို သန်း ၇၀ ရမှ အပြောင်းအရွေ့ ကိုအပြီးသတ် လက်ခံသွားဖို့ ရှိနေပါတယ်။

အသက်၂၈နှစ်ရှိ ပြင်သစ်လက်ရွေးစင် ဗာရာနီ ရီးရဲလ်နဲ့ စာချုပ် သက်တမ်း ၁နှစ် ကျန်နေသေးပြီး လာမယ့်နွေရာသီ ဈေးကွက်မှာ ယူနိုက်တက်၊ ချဲလ်ဆီး စတဲ့ အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာရော သူ့ရဲ့ရွယ်တူတန်း ကစားသမားတွေ ထဲမှာပါ ဗာရာနီက အကောင်းဆုံး ခံစစ်မှူးတစ်ဦး ဖြစ်ခဲ့ပါတယ်။ လက်ရှိအသက် ၂၈ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ဗာရာနီဟာ ရီးရဲလ်အတွက် ပွဲပေါင်း ၃၅၀ ကစားခဲ့ပြီး သွင်းဂိုး ၁၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ် ရရှိထားပါတယ်။

ယူနိုက်တက် ဘက်မှာလည်း အဓိကအားထားရတဲ့ အသင်းခေါင်းဆောင် ခံစစ်မှူး ဟယ်ရီမက်ဂွဲယား ဒဏ်ရာရရှိ သွားပြီးနောက် ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ဗစ်တာ လင်ဒီလော့ဖ်နဲ့ အဲရစ်ဘိုင်လီတို့ကို အသုံးပြုခဲ့ပေမယ့်

ခံစစ်က တည်ငြိမ်မှု ပျောက်ပြီး ဂိုးတွေပေးခဲ့ရပါတယ်။ မက်ဂွဲယား မပါဝင်နိုင်တဲ့ လက်စတာ၊ လီဗာပူးတို့နဲ့ ပွဲစဉ်တွေမှာ ခံစစ်ကြောင်းက အမှားတွေများစွာ ကျူးလွန်ခဲ့ပြီး လီဗာပူးနဲ့ပွဲမှာဆိုရင် ၄-၂ နဲ့ အရေးနိမ့် ခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

ထို့ကြောက့် ခံစစ်မှူး အသည်းအသန်ရှာဖွေနေတဲ့ ယူနိုက်တက်ကို ရီးရဲလ်မက်ဒရစ်က ဗာရာနီရဲ့ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၇၀ အထိ တောင်းဆိုလိုက်ပါတယ်။

ဒီပမာဏဟာ ယူနိုက်တက်အတွက် သိပ်မခက်ခဲတဲ့ ပမာဏဖြစ်ပြီး ဗာရာနီကိုသာရမယ်ဆိုရင် တိုးမြှင့်ကမ်းလှမ်းသွားဖွယ် ရှိပါတယ်။

နည်းပြ ဆိုးလ်ရှားကိုယ်တိုင်က ဗာရာနီရဲ့ ခြေစွမ်းကို နှစ်သက်နေတဲ့ အတွက် ယူနိုက်တက်ဘက်ကသာ ပေါင်သန်း ၇၀ နဲ့ ကမ်းလှမ်းဖို့ သေချာသလောက် ရှိနေပြီး ဗာရာနီက ဒီနွေရာသီမှာ ယူနိုက်တက် ကစားသမား သေချာပေါက်ဖြစ်လာနိုင်ပါတယ်။