Spots news

နည်းပြရာထူးအတွက် ဇာဗီနဲ့ ဆွေးနွေးနေတဲ့ ဘာစီလိုနာ

Unicode Version

ဘာစီလိုနာအသင်းဟာ လာမယ့်ရာသီမှာ အသင်းရဲ့နည်းပြ ကိုးမန်းရဲ့ နေရာမှာ အစားထိုးဖို့ အတွက် အသင်းရဲ့ ဂန္ဓဝင် ကစားသမား ဟောင်းဖြစ်သူ ဇာဗီနှင့် ဆွေးနွေး နေပြီဖြစ်ကြောင်း စပိန်သတင်းစာများက ရေးသားဖော်ပြ ထားပါတယ်။

သတင်းများအရ ဒီတစ်ပတ်မှာ ဇာဗီဟာ ကာတာကလပ်ဖြစ်တဲ့ အယ်လ်ဆက်နှင့် ၂နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆို လိုက်တဲ့အတွက် နူးကမ့်ရှိ ဘာစီလိုနာနည်းပြ ကိုးမန်းရဲ့နေရာကို အစာထိုးဖို့ မဖြစ်နိုင်တော့သလို ဖြစ်သွားခဲ့ပါတယ်။

သို့သော်လည်း ကတ္တလန်တာ သတင်းစာဖြစ်တဲ့ APR ကတော့ အသင်းဥက္ကဌ လာပေါ်တာနှင့် ဘာစီလိုနာ ဘုတ်အဖွဲ့ တို့ဟာ ဒီတစ်ပတ်မှာ ဇာဗီနှင့် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်။

စပိန်နိုင်ငံသားဟာ ဥက္ကဌအသစ်၊ အားကစားဒါရိုက်တာနှင့် တွေ့ဆုံခဲ့တာဖြစ်ပြီး စာချုပ် ချုပ်ဖြစ်ခဲ့ပါက လာမယ့် ရာသီ အသင်းရဲ့အပြောင်းအရွေ့တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ ကြတာဖြစ်ပါတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

မက်ဆီရဲ့ အနာဂတ်ကလည်း ဇာဗီရဲ့ အယ်လ်ဆက်ကနေ ပြောင်းရွေ့လာမှုအပေါ် ဆုံးဖြတ်ဖို့ရှိနေပြီး အာဂျင်တီးနား နိုင်ငံသားဟာ ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ကာ လက်ရှိမှာတော့ စာချုပ်အသစ် အတွက် သဘောတူညီမှု မရရှိသေးတာ ဖြစ်ပါတယ်။

၂၀၁၉ခုနှစ်မှာ ကာတာကလပ်ရဲ့ နည်းပြအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပြီး နည်းပြဘဝမှာ အောင်မြင်မှုများရရှိခဲ့ပြီးနောက် အနာဂတ်မှာ နူးကမ့်ရဲ့နည်းပြဖြစ်လာဖို့ သတ်မှတ်ခြင်း ခံထားရသူ ဖြစ်ပါတယ်။

အသက် ၄၁နှစ်အရွယ် ဇာဗီဟာ ဒီရာသီမှာ အယ်လ်ဆက်နှင့်အတူ ကာတာ စတားလိဂ်နှင့် ကာတာဖလားတို့ကို ရရှိထားတာဖြစ်ပြီး ပထမဆုံး ၂ရာသီမှာ အောင်မြင်မှုများ ရရှိအောင်

စွမ်းဆောင် ထားနိုင်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် တုန်းကလည်း ကာတာဖလားနှင့် ကာတာစတားဖလားတို့ကို ရရှိခဲ့ပြီး ၂၀၁၉ခုနှစ်မှာ ကာတာစူပါဖလားတို့ကို ရရှိခဲ့ တာဖြစ်ပါတယ်။

ဇာဗီဟာ ကိုးမန်းရဲ့ နေရာကို အစားထိုးဖို့ အတွက် ဘာစီလိုနာဥက္ကဌ လာပေါ်တာရဲ့ပထမဦးစားပေး နည်းပြဖြစ်ပြီး ကလပ်ရဲ့ ကစားသမားဟောင်းက လာမယ့်ရာသီမှာ အသင်းသို့ ပြန်လာဖို့က မသေချာ သေးတာ ဖြစ်ပါတယ်။