Unicode Version
ကွင်းလယ်ကစားသမား ရမ်ဆေးကို ပြန်လည်ခေါ်ယူနိုင်ချေ ရှိနေတဲ့ အာဆင်နယ်
အာဆင်နယ်အသင်းဟာ နွေရာသီမှာ ကွင်းလယ်နေရာ အတွက် ကစားသမားဟောင်း ရမ်ဆေးကို ပြန်လည်ခေါ်ယူနိုင်ချေရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။
သတင်းတွေအရ ဝေးလ်သားဟာ စီးရီးအေကလပ်ဂျူဗင်တပ်စ်နဲ့ ၂ စာချုပ်ကျန်ရှိနေပေမယ့် နွေရာသီမှာ အာဆင်နယ်ကို ပြန်ပြောင်းချင်နေပါတယ်။
နောက်ထပ်သတင်းတစ်ခုကလည်း ဂျူဗင်တပ်စ်ဟာ ဝေးလ်သားကိုနွေရာသီမှာ အရောင်းစာရင်းတင်ထားတယ်လို့ ဖော်ပြခဲ့ပါတယ်။
အသက် ၃၀ အရွယ် ကစားသမားကတော့ ဂျူဗင်တပ်စ်မှာ အထိုင်ကျဖို့ရုန်းကန်ခဲ့ရတာကြောင့် အာဆင်နယ်ကိုပြန်လာချင်နေပါတယ်။
အာဆင်နယ်ကလည်း ကွင်းလယ်ပိုင်းအားဖြည့်ချင်နေပြီး အိုဒီဂတ်က ရာသီကုန်မှာ ရီးရဲလ်ပြန်ဖွယ်ရှိနေတာဖြစ်ပါတယ်။ ရမ်ဆေးဟာ ဒီရာသီစီးရီးအေမှ
ာ ၂ ဂိုးသွင်း ၄ ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ ဝေးလ်သားဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဂျူဗင်တပ်စ်ချန်ပီယံဖြစ်အောင် စွမ်းဆောင်တဲ့နေရာမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့ပါတယ်။
ရမ်ဆေးဟာ အာဆင်နယ်အသင်းနဲ့အတူ အက်ဖ်အေဖလား ၃ ကြိမ် နဲ့ ယူရိုပါလိဂ်ဖလား ၁ ကြိမ် ရယူနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဂျူဗင်တပ်စ်စတားဟာ အာဆင်နယ်အတွက် ၁၀ နှစ်တာ ကာလအတွင်း ၃၆၉ ပွဲအထိ ပါဝင်ကစားခဲ့ကာ ၆၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
Zawgyi Version
ကြင္းလယ္ကစားသမား ရမ္ေဆးကို ျပန္လည္ေခၚယူနိုင္ေခ် ရွိေနတဲ့ အာဆင္နယ္
အာဆင္နယ္အသင္းဟာ ေႏြရာသီမွာ ကြင္းလယ္ေနရာ အတြက္ ကစားသမားေဟာင္း ရမ္ေဆးကို ျပန္လည္ေခၚယူနိုင္ေခ်ရွိေနတယ္လို႔ သတင္းေတြက ဆိုပါတယ္။
သတင္းေတြအရ ေဝးလ္သားဟာ စီးရီးေအကလပ္ဂ်ဴဗင္တပ္စ္နဲ႕ ၂ စာခ်ဳပ္က်န္ရွိေနေပမယ့္ ေႏြရာသီမွာ အာဆင္နယ္ကို ျပန္ေျပာင္းခ်င္ေနပါတယ္။
ေနာက္ထပ္သတင္းတစ္ခုကလည္း ဂ်ဴဗင္တပ္စ္ဟာ ေဝးလ္သားကိုေႏြရာသီမွာ အေရာင္းစာရင္းတင္ထားတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။
အသက္ ၃၀ အ႐ြယ္ ကစားသမားကေတာ့ ဂ်ဴဗင္တပ္စ္မွာ အထိုင္က်ဖိဳ႕႐ုန္းကန္ခဲ့ရတာေၾကာင့္ အာဆင္နယ္ကိုျပန္လာခ်င္ေနပါတယ္။
အာဆင္နယ္ကလည္း ကြင္းလယ္ပိုင္းအားျဖည့္ခ်င္ေနၿပီး အိုဒီဂတ္က ရာသီကုန္မွာ ရီးရဲလ္ျပန္ဖြယ္ရွိေနတာျဖစ္ပါတယ္။ ရမ္ေဆးဟာ ဒီရာသီစီးရီးေအမွာ
၂ ဂိုးသြင္း ၄ ဂိုး ဖန္တီးထားနိုင္ခဲ့ပါတယ္။ ေဝးလ္သားဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းက ဂ်ဴဗင္တပ္စ္ခ်န္ပီယံျဖစ္ေအာင္ စြမ္းေဆာင္တဲ့ေနရာမွာ တစ္ေထာင့္တစ္ေနရာကေန ပါဝင္ခဲ့ပါတယ္။
ရမ္ေဆးဟာ အာဆင္နယ္အသင္းနဲ႕အတူ အက္ဖ္ေအဖလား ၃ ႀကိမ္ နဲ႕ ယူရိုပါလိဂ္ဖလား ၁ ႀကိမ္ ရယူနိုင္ခဲ့ပါတယ္။
ဒါ့အျပင္ ဂ်ဴဗင္တပ္စ္စတားဟာ အာဆင္နယ္အတြက္ ၁၀ ႏွစ္တာ ကာလအတြင္း ၃၆၉ ပြဲအထိ ပါဝင္ကစားခဲ့ကာ ၆၄ ဂိုး သြင္းယူနိုင္ခဲ့ပါတယ္။