Spots news

စပို့တင်းက ဘရူနိုဖာနန်ဒက်စ် လက်သစ်ကို လီဗာပူးခေါ်ယူရန်စုံစမ်း

Unicode Version

လာမည့်ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်နိုင်ဖို့ အတွက် လူအင်အားဖြည့်တင်းသွားမယ့် နည်းပြ ကလော့ပ်ရဲ့ လီဗာပူး အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းက ဘရူနို ဖာနန်ဒက်စ် လက်သစ်ကို ဆက်သွယ် နေခဲ့တယ်လို့ သိရပါတယ်။

ဒီရာသီမှာ ခြေစွမ်းပြသနေခဲပြီး ဘရူနို ဖာနန်ဒက်စ်လက်သစ်ဟု နာမည်ကြီးနေတဲ့ စပို့တင်း ကြယ်ပွင့် ပက်ဒရိုဂွန်ကယ်လ်ဗက်စ်ကို လီဗာပူး အသင်းက စိတ်ဝင်စားနေခဲ့တာပဲ ဖြစ်ပါတယ်။

ပေါ်တူရီကလပ်ဟာ ပေါ်တူဂီပရီးမီးယားလိဂ်ကို ၁၉ နှစ်ကြာ ဝေးခဲ့ပြီးနောက် ဒီရာသီမှာ ပထမဆုံးအကြိမ် ပြန်လည်ရယူနိုင်ခဲ့ပြီး ကွင်းလယ်ကစားသမားကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။

၂၂ နှစ်အရွယ်ကစားသမား ပက်ဒရိုဂွန်ကယ်လ်ဗက်စ် ဟာ ၃၁ ပွဲကစားခဲ့ရာမှာ ၂၂ ဂိုးသွင်းပြီး ၃ ဂိုးဖန်တီးနိုင်ခဲ့တာကြောင့် ဖာနန်ဒက်စ်နဲ့ နှိုင်းယှဉ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

နိုင်ငံတူအသင်းဖော်လိုပဲ ဂွန်ကယ်လ်ဗက်စ်ကလည်း ကွင်းလယ်ကနေ သွင်းယူတဲ့ဂိုးတွေ အများအပြားသွင်းယူခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ဒီရာသီ သူတို့ရဲ့ရပ်တည်မှုကို

လာမယ့်ရာသီမှာ မြှင့်တင်နိုင်ဖို့အတွက် နွေရာသီအပြောင်းအရွှေ့အတွင်းမှာ ကစားသမားသစ်တွေ အင်အားဖြည့်တင်းဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

လီဗာပူးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်းအပြင်မှာ ရပ်တည်နေခဲ့ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိဖို့အတွက် ကြိုးစားနေပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ်က ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ကလော့ပ်အတွက်တော့ ဒီရာသီရလဒ်တွေက လက်မခံနိုင်စရာ ဖြစ်နေပါတယ်။ ဒီနွေရာသီမှာ ကွင်းလယ်ကစားသမား

ဂျော်ဂျီနီယို ဝစ်ဂျ်နဲဒန်းက အသင်းကနေ ထွက်ခွာဖွယ် ရှိနေတာကြောင့် လီဗာပူးအနေနဲ့ ကွင်းလယ်အင်အား ဖြည့်တင်းဖို့ လိုအပ်လျက်ရှိပါတယ်။

နည်းပြကလော့ပ်ဟာ ၂၀၁၈ က ဖီလစ်ပီကော်တင်ဟို ဘာစီလိုနာကို ထွက်သွားပြီးကတည်းက ကွင်းလယ်ဖန်တီးရှင် ကစားသမားမျိုး ခေါ်ယူဖြည့်တင်းခြင်း မရှီခဲ့ပါဘူး။

သတင်းတွေအရတော့ လီဗာပူးအသင်းဟာ လူငယ်ကြယ်ပွင့်ကို ဆက်သွယ်စုံစမ်းခဲ့ပေမယ့် စပို့တင်းကတော့ ကစားသမားကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။

ပေါ်တူဂီ ယူ ၂၁ လက်ရွေးစင်ဟာ ပရီးမီးယားလိဂ်ကလပ် ဝုဗ်အသင်းရဲ့ လူငယ်အသင်းတွေမှာ ကစားခဲ့ဖူးသူဖြစ်ပြီး ပထမအသင်းအတွက်တော့ ကစားခွင့် မရရှိခဲ့ပါဘူး။