Unicode Version
မန်ချက်စတာ ယူနိုက်တက်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို နောက်ခံလူ လုရှောက ရရှိသွားခဲ့ပါတယ်။
တစ်ရာသီလုံးနီးပါး ခြေစွမ်းပြနိုင် ခဲ့ခြင်းကြောင့် အဆိုပါဆုကို အင်္ဂလန် ဘယ်နောက်ခံလူ ဆွတ်ခူးခဲ့တာ ဖြစ်ပြီး အသင်းအတွက် ခံစစ်နဲ့ တိုက်စစ် မျှတအောင် ကစားပေးနိုင်ခဲ့ပါတယ်။
တည်ငြိမ်တဲ့ ခြေစွမ်းပြသ လာတာကြောင့် အင်္ဂလန်အသင်းမှာ ရွေးချယ် ခံခဲ့ရသလို ပရိသတ် သတိထားအမိဆုံး
လုရှော ခြေစွမ်းပြ ခဲ့တာကတော့ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်သွားတဲ့ မန်စီးတီးကို ၂ဂိုးပြတ် နိုင်ခဲ့ရာမှာ လှလှပပ ဂိုးတစ်ဂိုး သွင်းယူပေးခဲ့တဲ့ ပွဲမှာ ဖြစ်ပါတယ်။
ယူနိုက်တက် အတွက် ဂိုးဖန်တီးမှု ၅ကြိမ် လုပ်ပေးခဲ့သလို ဆောက်သမ်တန်ကို ၉ဂိုးပြတ် အနိုင်ရတဲ့ ပွဲတွင်လည်း ဘစ်ဆာကာနှင့် ကာဗာနီတို့အတွက် ၂ကြိမ် ဂိုးဖန်တီးပေးခဲ့ပါတယ်။
၂၀၁၈-၁၉ ရာသီတုန်းကလည်း player of the year ဆု ရရှိခဲ့ဖူးတာကြောင့် လုရှောအတွက် ဒီနှစ်ဟာ ၂ကြိမ်မြောက် ဖြစ်ပါတယ်။ ယူနိုက်တက်မှာ
တစ်ကြိမ်ထက် POTY ဆုကို ပိုရရှိဖူးတာက ကစားသမား ၃ဦးသာ ရှိပြီး ရော်နယ်ဒို (၂၀၀၆၊ ၂၀၀၇) ၊ ဗလန်စီယာ(၂၀၁၁၊၂၀၁၆)၊ ဒီဂီယာ (၂၀၁၃၊၂၀၁၄၊ ၂၀၁၇) တို့ ဖြစ်ပါတယ်။
အသင်းဖော်ဖြစ်တဲ့ မက်တိုမီနေးနှင့် ဘစ်ဆာကာတို့ဟာ လုရှောကို အကောင်းဆုံး ကစားသမားဆုအတွက် မဲပေးခဲ့တယ်လို့ ထုတ်ပြောခဲ့ကြောင်း သိရပါတယ်။
နောက်ထပ်ဆုတစ်ခု ဖြစ်တဲ့ Sir Matt Busby`s player of the year ဆုကို ကွင်းလယ်လူ ဖာနန်ဒက်စ်က ဆွတ်ခူးရရှိခဲ့ပြီး လုရှောက ဒုတိယနေရာမှာ ရှိနေခဲ့ပါတယ်။